Connect with us

Europe

ရုရှား နိုင်ငံ သမ္မတ ပူတင် က ဗဟိုရွေးကောက်ပွဲ ကော်မရှင် ထံသို့ သမ္မတ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ရန် အတွက် သက်ဆိုင်ရာ စာရွက်စာတမ်းများ ပေးအပ်

ရုရှား နိုင်ငံ သမ္မတ ပူတင် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ သမ္မတ ပူတင် က ဒီဇင်ဘာ ၂၇ ရက်နေ့၌ ရုရှား နိုင်ငံ ဗဟိုရွေးကောက်ပွဲ ကော်မရှင် ထံသို့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် အနေဖြင့် ၂၀၁၈ ခုနှစ် သမ္မတ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် လိုအပ် သည့် စာရွက်စာတမ်းများ ကို ပေးအပ်ခဲ့ပြီး စီစစ်မှု အဖြေအား ၅ ရက်အတွင်း ထုတ်ပြန်မည် ဖြစ်ကြောင်း သိရှိရသည်။

ရုရှား နိုင်ငံ ရွေးကောက်ပွဲ ဥပဒေ တွင် သမ္မတ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူ က ပါတီ ကိုယ်စားလှယ် သို့မဟုတ် ထောက်ခံသူ ကိုယ်စားလှယ် အနေဖြင့် ပါဝင် ယှဉ်ပြိုင်နိုင်ကြောင်း သတ်မှတ်ထားသည်။ ပါတီ များအနေဖြင့် ပါတီ အစည်းအဝေး ကျင်းပကာ ရွေးကောက်ပွဲ ဝင်ရန် ကိုယ်စားလှယ်များ ရွေးချယ်ကြသည်။ ထောက်ခံသူ ကိုယ်စားလှယ် အနေဖြင့် အနည်းဆုံး လူ ၅၀၀ ပါဝင်သည့် ထောက်ခံရေး အဖွဲ့ကို ဖွဲ့စည်းရမည် ဖြစ်ပြီး လူပေါင်း ၃ သိန်း၏ ထောက်ခံလက်မှတ် ကို စုစည်းရမည် ဖြစ်ကာ ဒေသတစ်ခုတွင် စုစည်းသည့် ထောက်ခံ လက်မှတ် အား ၇၅၀၀ ထက်မကျော်လွန်ရန် သတ်မှတ်ထားသည်။

ရုရှား နိုင်ငံ သမ္မတ ရွေးကောက်ပွဲ အား ၂၀၁၈ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး ရွေးကောက်ပွဲကာလ ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့၌ တရားဝင် စတင်ကြောင်း သတ်မှတ် ခဲ့သည်။ ရွေးကောက်ပွဲ ဝင်ရောက်သည့် ကိုယ်စားလှယ်များအနေဖြင့် ရက်ပေါင်း ၉၀ အတွင်း ဗဟိုရွေးကောက်ပွဲ ကော်မရှင် ထံသို့ သက်ဆိုင်ရာ စာရွက်စာတမ်းများ နှင့် ရွေးကောက်ပွဲ ဥပဒေ သတ်မှတ်ထားသည့် သက်ဆိုင်ရာ ရွေးကောက်ပွဲ လှုပ်ရှားမှုများ ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117