Connect with us

Europe

၂၀၂၆ ခုနှစ်တွင် ဖီဖာ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကို နိုင်ငံများက ပူးတွဲကျင်းပမည်


မော်စကို၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

မော်စကိုနိုင်ငံတွင် ပြုလုပ်သည့် ၆၈ ကြိမ်မြောက် FIFA Congress တွင် မဲစနစ်ဖြင့် ရွေးချယ်ရာတွင် မော်ရိုကိုနိုင်ငံကို အနိုင်ရရှိသွားခဲ့ပြီး အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကို နိုင်ငံများက ၂၀၂၆ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလားပွဲအား အိမ်ရှင်အဖြစ် ပူးတွဲကျင်းပခွင့်ရရှိသွားခဲ့ကြောင်း သိရသည်။

United 2026 ဟူသော ခေါင်းစဉ်အောက် ပူးတွဲကျင်းပခွင့်အား ဆန္ဒမဲ ၂၀၃ မဲအနက် ၁၃၄ မဲဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

၂၀၂၆ ခုနှစ်တွင် ဖီဖာ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကို နိုင်ငံများက ကျင်းပခွင့်ရရှိကြောင်း ကြေညာထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘာ့ဖလား ဘောလုံးပွဲများအား ယခုလို သုံးနိုင်ငံ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခြင်းသည် ပထမဆုံးဖြစ်ကြောင်း၊ ပွဲစဉ်အများစုအား အမေရိကန်နိုင်ငံတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံသည် ၁၉၉၄ ခုနှစ်က ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး မက္ကဆီကိုနိုင်ငံက ၁၉၇၀ ခုနှစ်နှင့် ၁၉၈၆ ခုနှစ်တွင် အသီးသီး ကျင်းပခဲ့ဖူးသည်။ ကနေဒါနိုင်ငံကမူ ပထမဆုံး ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117