Connect with us

Europe

ကမ္ဘာ့အသက်အကြီးဆုံး ရေငုပ်သမားအဖိုးအို ၉၆ နှစ်ဖြင့် စံချိန်သစ်တင်

အသက် ၉၆ နှစ်အရွယ် ကမ္ဘာ့ အသက်အကြီးဆုံး ရေငုပ်သမားအဖိုးအို Ray Woolley အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

နီကိုးရှား၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

အသက် ၉၆ နှစ်အရွယ် ကမ္ဘာ့အသက်အကြီးဆုံးရေငုပ်သမားအဖိုးအို Ray Woolley သည် သြဂုတ် ၃၁ ရက်တွင် ကမ္ဘာ့အကောင်းဆုံး ရေငုပ်နေရာတစ်ခု အဖြစ်လူသိများသည့် Larnaca ကမ်းခြေရှိ Zenobia သင်္ဘောပျက်တည်ရှိရာ ပင်လယ်ရေအောက်သို့ရေငုပ်၍ ယခင်က ၎င်းကိုယ်တိုင်တင်ထားသော စံချိန်ဟောင်းကို ဖြတ်ကျော်လိုက်ကြောင်း အဆိုပါ ပွဲဖြစ်မြောက်ရေး စီစဉ်သူများထံမှ သိရသည်။

ဗြိတိသျှလူမျိုး ဒုတိယကမ္ဘာစစ် စစ်ပြန်တစ်ဦးဖြစ်သူ အဖိုးအို Woolley သည် ယခုအခါ ဆိုက်ပရက်စ်ကျွန်းနိုင်ငံ၌ အမြဲတမ်းနေထိုင်ခွင့်ဖြစ် နေထိုင်နေသူတစ်ဦးဖြစ်ကာ ၎င်းသည် လွန်ခဲ့သော ရက်သတ္တပတ်က အသက် ၉၆ နှစ် ပြည့်မြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေငုပ်ပွဲ ဖြစ်မြောက်ရေး စီစဉ်သူများက အဖိုးအို Woolley သည် ရေအောက်အနက် ၄၂.၅ မီတာတွင် ၄၈ မိနစ်ကြာ ရေငုပ်နေခဲ့ကြောင်း ၊ ယင်းမှာ လွန်ခဲ့သော တစ်နှစ်ကျော်က ၎င်းကိုယ်တိုင်တင်ခဲ့သော ကမ္ဘာ့အသက်အကြီးဆုံး ရေငုပ်သမား ဂရင်းနစ်စံချိန်ကို ထပ်မံ ချိုးဖျက် ခဲ့ခြင်းဖြစ်ကြောင်း ၊ ထိုစဉ်က အဖိုးအိုသည် Zenobia သင်္ဘောသို့ရေငုပ်သွားခဲ့ပြီး ပင်လယ်ရေအောက် အနက် ၄ဝ.၆ မီတာတွင် ၄၄ မိနစ်ကြာနေထိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေငုပ်ပွဲသို့ ပြည်တွင်းပြည်ပ ရေငုပ်သင်တန်းကျောင်းများစွာမှ အဖိုးအို၏ ပရိသတ် ၆ဝ ကျော်သည် အဖိုးအိုနှင့်အတူ လိုက်ပါ ရေငုပ်အားပေးခဲ့ကြောင်း သိရသည်။ Woolley သည် ၎င်း၏ဘဝဇာတ်ကြောင်း နှင့် ရေငုပ်သမားဘဝ ချစ်မြတ်နိုးမှုအကြောင်း ရိုက်ကူးပုံဖော်ထားသည့် “ ၉ဝ မှ ဘဝစမယ်” Life begins at 90 မှတ်တမ်းရုပ်ရှင်ဖြင့် Stars Award ဆွတ်ခူးရရှိခဲ့သည်။

၎င်းသည် အရှေ့Mediterranean ကျွန်း၌ စစ်ဘက်ဆိုင်ရာ တာဝန်များ ထမ်းဆောင်ရန် စေလွှတ်ခြင်းခံရပြီးနောက် ဆိုက်ပရက်စ်၌ နေထိုင်ဖြစ်ခဲ့ကြောင်း နှင့် အသက် ၉ဝ ကျော်လာသည်အထိ ၎င်း၏ ဝါသနာဖြစ်သော ရေငုပ်သည့် အလုပ်ကို လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

Zenobia သည် ၁၉၈၀ ပြည့်နှစ် ဇွန်လတွင် နစ်မြုပ်ခဲ့သော ကုန်တင်သင်္ဘောတစ်စင်းဖြစ်သည်။ ၎င်းသင်္ဘောသည် Larnaca ဆိပ်ကမ်းမှ ထွက်ခွာပြီးနောက် ကြံ့ခိုင်မှုအပိုင်း ပြဿနာရှိသဖြင့် ဆိပ်ကမ်းသို့ပြန်လာစဉ် ကမ်းခြေမှ ကီလိုမီတာအနည်းငယ်အကွာအရောက်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.