Connect with us

Europe

နေတိုးတပ်ဖွဲ့က အရှေ့ဥရောပတွင် တပ်များ ပိုမိုဖြန့်ကျက်သွားမည်ဟုဆို

နေတိုးဌာနချုပ်တည်ရှိရာ ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့၌ ဖေဖော်ဝါရီ ၂၄ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်နေသော နေတိုးအဖွဲ့အကြီးအကဲ Jens Stoltenberg အား တွေ့ရစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

နေတိုးတပ်ဖွဲ့သည် ၎င်း၏ အရှေ့ဘက်ခြမ်းတွင် စစ်ဆင်ရေးတပ်ဖွဲ့ဝင်များ ထပ်တိုးဖြန့်ကျက်မှုများ သိသိသာသာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နေတိုးအထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောကြားခဲ့ပြီး ယူကရိန်းအား နေတိုးအဖွဲ့သို့ ထည့်သွင်းရေးသည် “ဆွေးနွေးမှု အစီအစဉ်တွင် မပါကြောင်း” ထပ်လောင်းပြောကြားခဲ့သည်။နေတိုးတပ်ဖွဲ့သည် မတ် ၂၄ ရက်တွင် ရုရှား-ယူကရိန်း ပဋိပက္ခ ဆွေးနွေးရန် အထူးထိပ်သီးအစည်းအဝေး ပြုလုပ်မည်ဖြစ်သည်။ နေတိုးတပ်ဖွဲ့၏ ကုန်းကြောင်း၊ ရေကြောင်း နှင့် လေကြောင်းအင်အားကို မြှင့်တင်ရန် အဖွဲ့ဝင်နိုင်ငံအားလုံးက သဘောတူမည်ဟု မျှော်လင့်ကြောင်း Stoltenberg က မတ် ၂၃ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ နေတိုးသည် ဘူလ်ဂေးရီးယား၊ ဟန်ဂေရီ၊ ရိုမေးနီးယားနှင့် စလိုဗက်ကီးယားတို့တွင် စစ်ဆင်ရေးတပ်ဖွဲ့အသစ်လေးခု ဖြန့်ကျက်ရန် စီစဉ်ထားကြောင်း ၊ လက်ရှိ ဘောလ်တစ်ဒေသနိုင်ငံများ နှင့် ပိုလန်နိုင်ငံတို့တွင် ဖြန့်ကျက်ထားသည့် တပ်ဖွဲ့အပါအဝင် နေတိုးတပ်ဖွဲ့သည် ၎င်း၏အရှေ့ပိုင်း ဘောလ်တစ်ပင်လယ်ပြင်မှ ပင်လယ်နက်အထိ နိုင်ငံစုံစစ်ဆင်ရေးတပ်ဖွဲ့ ၈ ခု တပ်စွဲထားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ နေတိုးတွင် တိုက်ပွဲဝင် အသင့်အနေအထားတပ်ဖွဲ့ဝင် သိန်းနှင့်ချီရှိကြောင်းနှင့် အဓိက နေတိုး၏ အရှေ့ဘက်ခြမ်းတွင် ဖြန့်ကျက်ထားကြောင်း Stoltenberg က ပြောကြားခဲ့သည်။ ယင်းတပ်ဖွဲ့တွင် ဥရောပမြောက်ပိုင်းနှင့် မြေထဲပင်လယ်ဒေသမှ လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စု ၅ ခုအပါအဝင် လေကြောင်းနှင့် ရေကြောင်းအင်အား ထောက်ခံမှုများရှိကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းအား နေတိုးအဖွဲ့သို့ ထည့်သွင်းရေးသည် ဆွေးနွေးမှု အစီအစဉ်တွင် မပါသော်လည်း ယူကရိန်းအားထောက်ခံမှုသည် မတ် ၂၄ ရက်တွင် ကျင်းပမည့် နေတိုးထိပ်သီးအစည်းအဝေးတွင် အဓိကဖြေရှင်းမည့် ကိစ္စရပ်များအနက် တစ်ခုဖြစ်ကြောင်း Stoltenberg က ပြောကြားခဲ့သည်။(Xinhua)

…………………………………………
(Chinese Version)

北约将在东欧部署更多作战部队
新华社布鲁塞尔3月23日电(记者任珂)北约秘书长斯托尔滕贝格23日说,北约将大幅增加部署在其东翼的作战部队,同时重申乌克兰加入北约“不在议事日程上”。

北约将于24日召开特别峰会讨论俄乌冲突。斯托尔滕贝格23日在记者会上说,他希望各成员国同意增强北约在陆、海、空所有领域的实力。北约计划在保加利亚、匈牙利、罗马尼亚和斯洛伐克部署4个新的战斗集群。连同部署在波罗的海国家和波兰的现有部队,北约将在其东翼,从波罗的海到黑海,拥有8个多国战斗集群。

斯托尔滕贝格称,北约目前有数十万部队处于高度战备状态,主要部署在北约东翼。这些部队拥有空中和海上力量的支持,包括位于北欧和地中海地区的5个航母打击群。

斯托尔滕贝格说,乌克兰加入北约不在议事日程上,但对乌克兰的支持将是24日北约峰会上需解决的主要问题之一。
图说- 2月24日,北约秘书长斯托尔滕贝格在比利时布鲁塞尔北约总部出席记者会时表示,北约无意向乌克兰派遣部队。(新华社记者郑焕松摄)