Connect with us

International Organizations

လူသားမျိုးနွယ်အတွက် မျှဝေရေးနှင့် နှစ်ဦးနှစ်ဘက် အကျိုးရှိစေမည့် တိုးတက်မှုအတွက် တရုတ် သမ္မတ ရှှီ တိုက်တွန်း ပြောကြား

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ ကုလသမဂ္ဂရုံးတွင် ဇန်နဝါရီလ ၁၈ ရက်တွင် မိန့်ခွန်းပြောကြားနေသည့် တရုတ် သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ဂျနီဗာ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

လူသားမျိုးနွယ်အတွက် မျှဝေပြီး အနာဂတ်ရှိသော အသိုင်းအဝိုင်းတစ်ခု တည်ဆောက်ရေး၊ နှစ်ဦးနှစ်ဘက် အကျိုးရှိစေမည့် ဖွံ့ဖြိုးမှု၊ အောင်မြင်စွာ မျှဝေနိုင်မှုတို့ ဆောင်ရွက်ရေးအား စိန်ခေါ်မှုများနှင့် စွန့်စားမှုများကြားမှ ပြုလုပ်သွားရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇန်နဝါရီလ ၁၈ ရက်၌ တိုက်တွန်း ပြောကြားလိုက်သည်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ ကုလသမဂ္ဂရုံး (UNOG) ၌ တရုတ် ပြောကြားခဲ့သည့် မိန့်ခွန်း၌ ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး ခေါင်းဆောင် တစ်ဦးလည်း ဖြစ်သူ သမ္မတ ရှီက ရေရှည်တည်တံ့မည့် ကမ္ဘာ့ ငြိမ်းချမ်းရေး၊ လူသား အားလုံးအတွက် ဘုံ လုံခြုရေးနှင့် ဘုံ ကြွယ်ဝ ချမ်းသာရေး၊ ပွင့်လင်းမှု၊ သန့်ရှင်းပြီး လှပသော ကမ္ဘာကြီး ဖြစ်ပေါ်ရေး စသည့် အကြောင်းအရာများအား ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အချုပ်အခြာ အာဏာ သာတူညီမျှရှိရေးနှင့် အခွင့်အရေး၊ နိုင်ငံအားလုံး အတွက် အခွင့်အလမ်းနှင့် နည်းဥပဒေများကို ထိန်းသိမ်းသင့်ကြောင်း သမ္မတ ရှီက ပြောကြားလိုက်ရင်း မျှတပြီး တူညီသော အပြည်ပြည်ဆိုင်ရာ အစီအစဉ် တစ်ခု တည်ထောင်မှုတွင် တန်းတူညီမျှ စည်းမျဉ်း တစ်ရပ်ကို မီးမောင်းထိုးပြလိုက်သည်။

“နိုင်ငံတကာ ဆက်ဆံရေးများမှာ ဒီမိုကရေစီ ပြန့်ပွားရေးနှင့် နိုင်ငံ တစ်နိုင်ငံ သို့မဟုတ် နိုင်ငံ အများအပြားက စိုးမိုးခြယ်လှယ်မှုကို ဖယ်ရှားနိုင်သင့်တယ်၊ နိုင်ငံအားလုံးက ကမ္ဘာကြီးရဲ့ အနာဂတ်ကို နိုင်ငံအားလုံး ပူးတွဲ ပုံဖော်သင့်ပြီး နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေကို ရေးသားခွင့်၊ ကမ္ဘာလုံးဆိုင်ရာ ရေးရာတွေကို စီမံခန့်ခွဲခွင့်နှင့် ဖွံ့ဖြိုးမှု ရလဒ် အားလုံးကို အသေအချာ လုပ်ဆောင်နိုင်သင့်တယ်” ဟု ရှီက ပြောကြားခဲ့သည်။

အနာဂတ်များ ဝေမျှခြင်း

ကုလသမဂ္ဂရုံးတွင် ပြောကြားခဲ့သည့် မိန့်ခွန်း၌ ရှီက လူသားမျိုးနွယ်အတွက် အနာဂတ် ဝေမျှမှုရှိသော အသိုင်းအဝိုင်း တစ်ခု ပုံဖော်ရာတွင် မိတ်ဖက် ဆက်ဆံရေး၊ လုံခြုံရေး၊ တိုးတက်ရေး၊ ယဉ်ကျေးမှုချင်း ဖလှယ်ရေးနှင့် ဂေဟစနစ် စသည်တို့အား ဦးစားပေးရမည့် အရာများအဖြစ် ထည့်သွင်း ပြောကြားခဲ့သည်။

“ဆွေးနွေးမှုနှင့် ညှိနှိုင်းတိုင်ပင်မှုမှတစ်ဆင့် ငြိမ်းချမ်းရေး အဓွန့်ရှည်သော ကမ္ဘာကြီး တစ်ခု တည်ဆောက်ဖို့ ကျွန်တော်တို့ ကတိပြုသင့်တယ်၊ ဆွေးနွေးခြင်း၊ ထိပ်တိုက် ရင်ဆိုင်မှု မပြုခြင်းနှင့် မဟာမိတ် မပြုဘဲ စတာတွေကို အခြေခံပြီး မိတ်ဖက် ဆက်ဆံရေးကို ထိန်းသိမ်းစောင့်ရှောက်သင့်တယ်” ရှီက ဆိုသည်။

ထို့ပြင် နျူကလီးယား လက်နက်များကို အပြည့်အဝ တားမြစ်ပြီး ကမ္ဘာကြီးကို နျူကလီးယား ကင်းစင်သော ကမ္ဘာကြီးအဖြစ် တည်ဆောက်သင့်ပြီ ဖြစ်ကြောင်းလည်း ရှီက ဖြည့်စွက် ပြောကြားခဲ့သည်။

ထို့နောက် ဆီးရီးယားမှ ရွှေ့ပြောင်းသွားလာသူများနှင့် ဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ယွမ် သန်း ၂၀၀ (အမေရိကန် ဒေါ်လာ ၂၉ သန်းခန့်) တရုတ်နိုင်ငံက ထပ်တိုး ထောက်ပံ့မည် ဖြစ်ကြောင်း သမ္မတ ရှီက ကြေညာလိုက်သည်။

နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်မှု မှတစ်ဆင့် ဘုံ ကြွယ်ဝပြည့်စုံသော ကမ္ဘာကြီး တစ်ခု တည်ဆောက်ရန် ၎င်း၏ အမြင်အား ပြောကြားရာတွင် ရှီက ကုန်သွယ်ရေး ကိုယ်ကျိုး စီးပွား ကာကွယ်ရေး မူဝါဒဆန့်ကျင်ရန် သတိပေးနေစဉ်အတွင်း ပွင့်လင်းသော ကမ္ဘာ့ စီးပွားရေး တစ်ခု တည်ထောင်ရန် ရှီက ထောက်ခံ ပြောကြားလိုက်သည်။

“ကုန်သွယ်ရေးဆိုင်ရာ ကိုယ်ကျိုး စီးပွားကာကွယ်ရေး မူဝါဒနဲ့ တံခါးပိတ်ဝါဒဟာ ဘယ်သူကို့မှ အကျိုးကျေးဇူး မရှိပါဘူး” ဟု ရှီက ဆိုသည်။

တရုတ်နိုင်ငံ၏ ကတိကဝတ်

ကမ္ဘာ့ ငြိမ်းချမ်းရေး ထိန်းသိမ်းရာတွင် တရုတ်နိုင်ငံ၏ ကတိကဝတ်များအား မပြောင်းလဲဘဲ ဆက်လက် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

“ထောင်ပေါင်းများစွာသော ပြည်သူများအတွက် ငြိမ်းချမ်းရေးဟာ ကျွန်တော်တို့ တရုတ်နိုင်ငံသားများရဲ့ သွေးကြော ဖြစ်သလို ကျွန်တော်တို့ မျိုးရိုးဗီဇရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တယ်” ဟု ရှီက မိန့်ခွန်း ပြောကြားခဲ့သည်။

“သူတပါးက သင့်အပေါ် ပြုမူတာကို သင်မလိုချင်ရင် သင်ကလဲ သူတပါးကို မပြုမူပါနဲ့” ဟူသော တရုတ် ရှေးဟောင်း အတွေးအခေါ် ပညာရှင် ကွန်ဖြူးရှပ်၏ စကားကို ရှီက ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် ဆင်းရဲပြီး အားနည်းသည့် နိုင်ငံအဖြစ်မှ ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေးသို့ တက်လှမ်းလာခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်ရေး ကျယ်ပြန့်ခြင်း သို့မဟုတ် ကိုလိုနီ စနစ်များကြောင့် မဟုတ်ကြောင်း၊ တရုတ် ပြည်သူများ အလုပ် အပြင်းအထန် လုပ်ကိုင်ခြင်းနှင့် ငြိမ်းချမ်းရေးအတွက် အားထုတ်မှုများမှတစ်ဆင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း ရှီက မှတ်ချက်ပြု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ဘုံ ဖွံ့ဖြိုးမှုအား ပါဝင် လုပ်ဆောင်မည်ဟူသော ကတိကဝတ်အား ပြောင်းလဲမည် မဟုတ်ကြောင်း ရှီက ကတိပြုခဲ့သည်။

တရုတ် သမ္မတ ရှီ၏ ပြောကြားချက်အရ နိုင်ငံတကာ ငွေကြေး အကျပ်အတည်း ဖြစ်ပွားခဲ့သည့် အချိန်ကတည်းက ၁၉၅၀ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်အကြား အခြားနိုင်ငံများနှင့်အတူ တရုတ်နိုင်ငံသည် ယွမ် ၄၀၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၅၈.၄ ဘီလီယံခန့်) ထောက်ပံ့ခဲ့ကြောင်း၊ ကမ္ဘာ့ စီးပွားရေး တိုးတက်မှုတွင် နှစ်စဉ် ပျမ်းမျှ ၃၀ ရာခိုင်နှုန်းကျော် ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် လာမည့် ငါးနှစ်တာ ကာလအတွင်း တရုတ်နိုင်ငံသည် ကုန်စည်ပေါင်း ဒေါ်လာ ၈ ထရီလီယံ တင်ပို့နိုင်လိမ့်မည် ဖြစ်ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆၀၀ ဘီလီယံ ဆွဲဆောင်နိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၇၅၀ ဘီလီယံ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း၊ တရုတ် ခရီးသွားဧည့်သည် သန်း ၇၀၀ ပြည်ပသို့ ခရီးသွားရောက်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး မူကြီး ငါးရပ်အား အခြေခံကာ အခြား နိုင်ငံများနှင့်အတူ ငြိမ်းချမ်းရေးဆိုင်ရာ လွတ်လပ်သော နိုင်ငံခြားရေး မူဝါဒ၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အဆင်သင့် ရှိနေကြောင်း ရှီက ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် နိုင်ငံနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းပေါင်း ၉၀ ကျော်နှင့်အတူ မိတ်ဖက်ဆက်ဆံရေး ပုံစံပေါင်းများစွာ လုပ်ဆောင်ထားကြောင်းနှင့် ကမ္ဘာ အနှံ့ ဆက်ဆံရေး အဝန်းအဝိုင်း တည်ထောင်သွားမည် ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံနှင့်လည်း နိုင်ငံ ဆက်ဆံရေး ပုံစံသစ် တည်ထောင်ရေးကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ရုရှားနိုင်ငံနှင့်လည်း ကျယ်ပြန့်သော မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးဖြင့်လည်းကောင်း၊ ဥရောပရှိ မတူညီသော ယဉ်ကျေးမှုများအကြား၌ ငြိမ်းချမ်းရေးအတွက် မိတ်ဖက်ဆက်ဆံရေး၊ တိုးတက်မှု၊ ပြုပြင်ပြောင်းလဲမှုဖြင့်လည်းကောင်း၊ BRICS နိုင်ငံများနှင့် စည်းလုံးညီညွတ်ရေးအတွက် မိတ်ဖက် ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်ရေး စသည်တို့အတွက် သမ္မတ ရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကုလသမဂ္ဂနှင့်အတူ ကုလသမဂ္ဂ ပဋိဉာဉ် စည်းမျဉ်းစည်းကမ်းနှင့် ရည်မှန်းချက်များတွင် အခြေခံ စံသတ်မှတ်ချက် နိုင်ငံတကာ ဆက်ဆံရေးများကို နိုင်ငံတကာ စနစ်အား ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ရှီက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.