Connect with us

Africa & Middle East

Hot Q&A |အစ္စရေးအပေါ် အီရန်၏တိုက်ခိုက်မှုက မည်သို့သက်ရောက်မှုရှိသနည်း

အစ္စရေးနိုင်ငံ တဲလ်အဗီးမြို့ရှိ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသော စစ်ပွဲဆိုင်ရာ ကက်ဘိနက်အဖွဲ့ အစည်းအဝေးတွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုအား ဧပြီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ၏ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ က အစ္စရေးပစ်မှတ်များသို့ ဒေသစံတော်ချိန် ဧပြီ ၁၄ ရက် နံနက်အစောပိုင်းတွင် ဒုံးကျည်နှင့် မောင်းသူမဲ့လေယာဉ် အများအပြား ပစ်လွှတ်ခဲ့ကြောင်း ကြေညာခဲ့သည်။ အစ္စရေးမီဒီယာနှင့် ဆေးဘက်ဆိုင်ရာတာဝန်ရှိသူများ၏ ပြောကြားချက်အရ ဗုံးပေါက်ကွဲသံများနှင့်အတူ မြို့အများအပြားတွင် လေကြောင်းရန်ကာကွယ်ရေးသတိပေးချက် ဥသြသံများ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ အစ္စရေးအပေါ် အီရန်၏တိုက်ခိုက်မှု လက်ရှိအခြေအနေက မည်သို့နည်း။ အစ္စရေးက မည်သို့တုံ့ပြန်ခဲ့သနည်း။ ယင်းတိုက်ခိုက်မှုက ဒေသတွင်းအခြေအနေအပေါ် မည်သို့သက်ရောက်မှုရှိသနည်း။

လက်ရှိအခြေအနေက မည်သို့နည်း
အီရန်နိုင်ငံသည် အစ္စရေးဘက်သို့ မောင်းသူမဲ့လေယာဉ်တစ်စင်း ပစ်လွှတ်ခဲ့ကြောင်း ဧပြီ ၁၃ ရက် ညနေပိုင်းတွင် အစ္စရေးစစ်တပ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အစ္စရေးလေတပ်မှ တိုက်လေယာဉ်များနှင့် ရေတပ်သင်္ဘောများသည် သတိကြီးကြီးဖြင့် ကြိုတင်ကာကွယ်မှုအခြေအနေများတွင် ရှိကြောင်း၊ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များသည် ပစ်မှတ်အားလုံးကို စောင့်ကြည့်လျက်ရှိကြောင်း၊ အစ္စရေး သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနသည် လေပိုင်နက်အား ဒေသစံတော်ချိန် ဧပြီ ၁၄ ရက် သန်းခေါင်ယံ ၁၂နာရီခွဲ မှ ၇ နာရီထိ ပိတ်မည်ဖြစ်ကြောင်း ကြေညာခဲ့ကြောင်း သိရသည်။

အီရန်နိုင်ငံ၏ Tasnim သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ အီရန်နိုင်ငံ၏ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ က အစ္စရေးပစ်မှတ်များသို့ ဒေသစံတော်ချိန် ဧပြီ ၁၄ ရက် နံနက်အစောပိုင်းတွင် ဒုံးကျည်နှင့်မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှု အကြီးအကျယ် ပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့သည်။ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ က ကြေညာချက်တွင် ယင်းတိုက်ခိုက်မှုသည် ဧပြီ ၁ ရက်တွင် ဆီးရီးယားနိုင်ငံရှိ အီရန်သံရုံး‌၏ ကောင်စစ်ဝန်အဆောက်အဦအား ဒုံးကျည်တိုက်ခိုက်မှုအပါအဝင် အစ္စရေးက ကျုးလွန်ခဲ့သည့် “ပြစ်မှု”အများအပြားကို တုံ့ပြန်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
အီရန်က အစ္စရေးကို မောင်းသူမဲ့လေယာဉ်များနှင့် ဒုံးကျည်များ ပစ်လွှတ်ပြီး မကြာမီတွင် ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်၌ ဧပြီ ၁၄ ရက် နံနက်အစောပိုင်းတွင် ပြင်းထန်၍ဆက်တိုက် ပေါက်ကွဲသံကြီးများ ကြားခဲ့ရကြောင်း၊ ဒေသဆိုင်ရာ ဆီးရီးယားမီဒီယာ “Sham FM” ၏ ဖော်ပြချက်အရ ဧပြီ ၁၄ ရက် နံနက်အစောပိုင်းတွင် ဒမတ်စကပ်စ်မြို့နှင့် Homs ပြည်နယ်အနီးတစ်ဝိုက်တွင် ပေါက်ကွဲသံများ ဆက်တိုက်ကြားခဲ့ရပြီး ယင်းပေါက်ကွဲသံများသည် လေကြောင်းရန်ကာကွယ်ရေးစနစ်က ရန်သူပစ်မှတ်ကို တုံ့ပြန်စဉ်တွင် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ် ဟာဂါရီက ဧပြီ ၁၄ ရက် နံနက်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အစ္စရေးစစ်အခြေစိုက်စခန်းတစ်ခု “အနည်းငယ်ပျက်စီးသွားသည်” ဟု ပြောကြားခဲ့ပြီး အစ္စရေးစစ်ဘက်သတင်းရင်းမြစ်များ၏အဆိုအရ အစ္စရေးစစ်တပ်က တာလတ်ပစ်ဒုံးကျည်များကို ကာကွယ်ရန် “David’s Sling” စနစ်နှင့် တာဝေးပစ်ဒုံးကျည်းများကို ကာကွယ်ရန် “Arrow” လေကြောင်းရန်ကာကွယ်ရေးစနစ်တို့အား အသုံးပြုခဲ့ကြောင်းနှင့် အီရန်နိုင်ငံက ပစ်လွှတ်သည့် မောင်းသူမဲ့လေယာဉ်များနှင့် ဒုံးကျည်များကို ကြားဖြတ်ဟန့်တားရန် တိုက်လေယာဉ်အများအပြား စေလွှတ်ခဲ့ကြောင်း သိရသည်။

အစ္စရေးက မည်သို့တုံ့ပြန်ခဲ့သနည်း
ဧပြီ ၁၄ ရက် နံနက်အစောပိုင်းတွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အီရန်၏ အကြီးစားတိုက်ခိုက်မှုအား မည်သို့တုံ့ပြန်မည်ကို ဆွေးနွေးရန် လုံခြုံရေးကက်ဘိနက်အဖွဲ့ဝင်အားလုံး အစည်းအဝေး အရေးပေါ် ပြုလုပ်ခဲ့ကြောင်း၊ အစည်းအဝေးတွင် တိုက်ခိုက်မှုများအား တုံ့ပြန်ရန် ဝန်ကြီးချုပ် နေတန်ယာဟု ၊ ကာကွယ်ရေးဝန်ကြီး Galante နှင့် အတိုက်အခံခေါင်းဆောင် Gantz တို့ဖြင့် ဖွဲ့စည်းထားသည့် စစ်ပွဲကာလအစိုးရအဖွဲ့ အား လုပ်ပိုင်ခွင့်လွှဲအပ်ရန် လုံခြုံရေးအစိုးရအဖွဲ့က သဘောတူခဲ့ကြသည်။ ထိုသို့ဖြင့် ဆုံးဖြတ်ချက်လုပ်ဆောင်ရည်များကို မြှင့်တင်ပေးခဲ့ကြောင်း သိရသည်။
လေ့လာသုံးသပ်သူများက ယင်းတိုက်ခိုက်မှုသည် အသေအပျောက် အများအပြား မဖြစ်ပွားခဲ့သော်လည်း အလားတူပမာဏဖြင့် အစ္စရေးပြည်တွင်းအား တိုက်ခိုက်မှုသည် ရှားပါးကြောင်း ၊ အစ္စရေးသည် လက်လျှော့လိမ့်မည်မဟုတ်ဘဲ ပြင်းပြင်းထန်ထန် တုံ့ပြန်မှုများ လုပ်ဆောင်မည်ဟု ထင်မြင်ကြသည်။

ဒေသတွင်းအခြေအနေအပေါ် မည်သို့သက်ရောက်မှုရှိသနည်း
အမေရိကန် “Foreign Policy” ဝက်ဘ်ဆိုဒ်တွင် ရေးသားထားသည့် ဆောင်းပါးတစ်ပုဒ်တွင် ယခုအကြိမ်တိုက်ခိုက်မှုသည် လွန်ခဲ့သော ၅ နှစ်အတွင်း အရှေ့အလယ်ပိုင်းတွင် အီရန်၏ အကြီးမားဆုံး တိုက်ခိုက်မှုတစ်ခုဟု ဖော်ပြခဲ့ပြီး တိုက်ခိုက်မှုအပြီးတွင် လက်ဘနွန်နှင့် အီရတ်ကဲ့သို့သော နိုင်ငံအများအပြားတွင် လုံခြုံရေးစိုးရိမ်မှုကြောင့် ၎င်းတို့၏ လေပိုင်နက်ကို ယာယီပိတ်ထားမည်ဟု ကြေညာခဲ့ပြီး ဂျော်ဒန်၊ အီရတ်၊ ဆီးရီးယားစသည့်နေရာများတွင်လည်း ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း၊ ဂျော်ဒန်မြို့တော် အမ်မန် တောင်ဘက်တွင် ပစ်ချခံရသော ဒုံးကျည်အပိုင်းအစများကို လူအချို့ ဓာတ်ပုံရိုက်မိခဲ့ကြကြောင်း သိရသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် အစ္စရေးနိုင်ငံအပေါ် အီရန်၏တိုက်ခိုက်မှုနှင့် ပတ်သက်သည့် အရေးပေါ်အစည်းအဝေးကို ဧပြီ ၁၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း၊ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဒေသတွင်း အခြေအနေနှင့် ပတ်သက်၍ အလွန်စိုးရိမ်ကြောင်း ဧပြီ ၁၄ ရက် နံနက်အစောပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း၊ ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီးဌာနက အရှေ့အလယ်ပိုင်းရှိ ပြည်သူများအား စစ်ဘေးအန္တရာယ်မှ ကာကွယ်ရန်အတွက် နိုင်ငံအသီးသီးအနေဖြင့် “အတတ်နိုင်ဆုံး သည်းခံ” ကြရန် တောင်းဆိုထားကြောင်း သိရသည်။
လေ့လာသုံးသပ်သူများက အီရန်သည် ဤတိုက်ခိုက်မှုဖြင့် အစ္စရေးကို ပြန်လည် ဟန့်တားရန် ရည်ရွယ်ကြောင်း၊ အစ္စရေးနှင့် အီရန်တို့သည် တိုက်ရိုက်မဟုတ်သော ထိပ်တိုက်ရင်ဆိုင်မှုပုံစံဖြင့် အရှေ့အလယ်ပိုင်းဒေသများတွင် နှစ်ပေါင်းများစွာ ပြိုင်ဆိုင်ခဲ့ကြကြောင်း ၊ အီရန်သံရုံး ကောင်စစ်ဝန်အဆောက်အအုံကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုနှင့် အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုများကြောင့် နှစ်နိုင်ငံကြား ထိပ်တိုက်ရင်ဆိုင်မှုများ သိသိသာသာ တိုးလာနိုင်ကြောင်း ၊ ယင်းသည် အရှေ့အလယ်ပိုင်းအခြေအနေကို ပို၍ မရေရာမှုများ တိုးလာစေကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………
(Chinese Version)
热点问答|伊朗袭击以色列影响几何
新华社耶路撒冷4月14日电 伊朗伊斯兰革命卫队当地时间14日凌晨宣布向以色列目标发射了数十枚导弹和无人机。据以色列媒体和医疗部门消息,多个城市响起防空警报,并伴随着爆炸声。伊朗袭击以色列目前情况如何?以色列做出了何种回应?袭击将对地区局势造成怎样的影响?
目前情况如何
以色列军方13日晚发表声明说,伊朗向以色列发射了无人机。以色列空军战斗机和海军舰艇均处于高度戒备状态。以色列国防军正在监视所有目标。以色列交通部宣布于当地时间14日零时30分至7时关闭领空。
据伊朗塔斯尼姆通讯社报道,伊斯兰革命卫队在当地时间14日凌晨宣布对以色列目标发动了大规模导弹和无人机袭击。伊斯兰革命卫队在声明中说,袭击是针对以色列犯下的众多“罪行”,包括4月1日对伊朗驻叙利亚使馆领事部门建筑的导弹袭击。
在伊朗向以色列发射无人机和导弹后不久,叙利亚首都大马士革14日凌晨传出密集、巨大爆炸声。据叙当地媒体“沙姆调频”报道,14日凌晨,大马士革周边地区和中部霍姆斯省也连续传出爆炸声,爆炸是在防空系统对敌方目标做出反应过程中产生的。
以色列国防军发言人哈加里14日凌晨发表声明说,以军一处军事基地被“轻微破坏”。另据以军方消息,以军动用了防御中程导弹的“大卫弹弓”和防御远程导弹的“箭”式防空系统,并出动大量战机,对伊朗发射的无人机和导弹进行拦截。

以色列如何回应
14日凌晨,以色列总理内塔尼亚胡紧急召开安全内阁会议,讨论如何应对伊朗的大规模袭击。安全内阁在会上同意授权由内塔尼亚胡、国防部长加兰特以及反对党领导人甘茨组成的战时内阁就应对袭击做出决定,从而提高决策效率。
分析认为,尽管本次袭击暂未造成大量人员伤亡,但类似规模的针对以色列本土的袭击并不多见,以色列可能不会善罢甘休,而会采取措施做出强有力的回应。

如何影响地区局势
美国《外交政策》网站撰文说,这是近5年以来伊朗在中东地区发动的最大规模袭击之一。袭击发生后,黎巴嫩、伊拉克等多国宣布出于安全考量暂时关闭领空,在约旦、伊拉克、叙利亚等地,爆炸声也频频响起,还有民众在约旦首都安曼南部拍摄到被击落的导弹碎片。
联合国安理会将于14日就伊朗袭击以色列举行紧急会议。埃及外交部14日凌晨发表声明,对地区局势深表关切。沙特阿拉伯外交部也在一份声明中呼吁各方保持“最大限度的克制”,以保护中东地区人民远离战争危险。
分析人士表示,伊朗旨在通过此次袭击重建对以色列的威慑。以色列与伊朗多年来以非直接对抗形式在中东地区展开博弈,随着以色列空袭伊朗使馆领事部门建筑和伊朗采取报复打击行动,双方的对抗强度或将出现明显升级,这将给中东地区局势增添更多不确定性。(参与记者:沙达提、段敏夫、李军、程帅朋、冀泽、何奕萍)(完)
图说:这张4月14日发布的照片显示,以色列总理内塔尼亚胡在位于特拉维夫的以色列国防部召开战时内阁会议。新华社发(以色列政府新闻办公室供图)