Connect with us

Africa & Middle East

ဂါဇာ အပစ်အခတ်ရပ်စဲရေး ဆက်လက်စေ့စပ်ညှိနှိုင်း၊ အစ္စရေးက ဆိပ်ကမ်းတစ်ခုနှင့် Al Jazeera ရုပ်မြင်သံကြားလိုင်းကို ပိတ်လိုက်ကြောင်းကြေညာ

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းရှိ ခန်ယွန်းနစ်မြို့ တွင် အစ္စရေးဗုံးခွဲတိုက်ခိုက်ခဲ့သော အဆောက်အအုံအပျက်အစီးများကြားမှ ဖြတ်လျှောက်သွားသူများကို မေလ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၆ ရက် (ဆင်ဟွာ)
အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုတွင် ကျင်းပသည့် ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းပွဲအသစ်သည် မေ ၅ ရက်က ပြီးဆုံးခဲ့ပြီး အောင်မြင်မှုမရှိခဲ့ကြောင်း၊ ပါလက်စတိုင်း အစ္စလာမ္မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ကိုယ်စားလှယ်အဖွဲ့သည် ကာတာနိုင်ငံအတွင်းရှိ ရုံးသို့ ပြန်လည်ရောက်ရှိလာပြီး စေ့စပ်ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်ရန်အတွက် ကိုင်ရိုမြို့သို့ မေ ၇ ရက်တွင် ပြန်လည်သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

ဟားမက်စ် လက်အောက်တွင်ရှိသော Qassam Brigade လက်နက်ကိုင်အဖွဲ့သည် အစ္စရေးတောင်ပိုင်း Kerem Shalom ဆိပ်ကမ်းအနီး၌ မေ ၅ ရက်တွင် ဒုံးကျည်အများအပြားပစ်ခတ်ခဲ့ရာ အစ္စရေးစစ်သားသုံးဦး သေဆုံးခဲ့ကြောင်း၊ ထို့နောက် အစ္စရေးသည် နယ်စပ်ဆိပ်ကမ်းကို ပိတ်ခဲ့ပြီး လက်တုံ့ပြန်သည့်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုနေ့တွင်ပင် ကာတာနိုင်ငံရှိ Al Jazeera ရုပ်မြင်သံကြားဌာန၏ အစ္စရေးဌာနခွဲကိုလည်း ပိတ်လိုက်သည်ဟု အစ္စရေးက ကြေညာခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………………………..
(Chinese Version)
加沙停火谈判继续 以色列关闭一口岸和半岛电视台
新华社北京5月6日电 在埃及首都开罗举行的新一轮加沙地带停火谈判5日结束,尚未取得突破。巴勒斯坦伊斯兰抵抗运动(哈马斯)代表团返回位于卡塔尔境内的办事处,定于7日重返开罗继续谈判。
哈马斯下属武装派别卡桑旅5日向以色列南部凯雷姆沙洛姆口岸附近发射多枚火箭弹,导致3名以军士兵死亡。以色列随后关闭这一边境口岸并发动空袭报复。以色列当天还宣布关停卡塔尔半岛电视台在以分支机构。
图说:5月5日,在加沙地带南部城市汗尤尼斯,人们路过以军轰炸后的废墟。新华社发(里泽克·阿卜杜勒贾瓦德摄)