Connect with us

North America

ကုလသမဂ္ဂ ရုံးချုပ်များတွင် နယ်လ်ဆင်မင်ဒဲလား၏ ရုပ်တုအား ထားရှိ

နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ထားရှိသော နယ်လ်ဆင်မင်ဒဲလား၏ ရုပ်တုအား တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တောင်အာဖရိက သမ္မတဟောင်း၏ နှစ် ၁၀၀ ပြည့်မွေးနေ့အား ဂုဏ်ပြုသောအားဖြင့် နယ်လ်ဆင်မင်ဒဲလား (Nelson Mandela) ရုပ်တုအား ကုလသမဂ္ဂရုံးချုပ်တွင် စက်တင်ဘာလ ၂၄ ရက်က ထုတ်ဖော်ပြသခဲ့သည်။

“ငြိမ်းချမ်းရေး၊ ခွင့်လွှတ်ခြင်း၊ စာနာရိုင်းပင်းခြင်းနဲ့ လူ့ဂုဏ်သိက္ခာကို ကုလသမဂ္ဂရဲ့ အမြင့်မားဆုံးတန်ဖိုးထားမှုကို ကိုယ်စားဖော်ပြလိုက်ခြင်းပါပဲ” ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က မင်ဒဲလားရုပ်တုဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

မင်းဒဲလား၏ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တိုက်ဖျက်ရေးသည် “လူ့အခွင့်အရေးများနဲ့ လွတ်လပ်မှုမှာ အထင်ကရတစ်ခု ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂ အကြီးအကဲက ပြောကြားခဲ့ပြီး အဆိုပါ ရုပ်တုလှူဒါန်းခဲ့သည့်အတွက် တောင်အာဖရိအစိုးရကို ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အဆင့်မြင့် အစည်းအဝေးတစ်ခုဖြစ်သော Mandela Peace Summit အား စက်တင်ဘာလ ၂၄ ရက်က ကုလသမဂ္ဂတွင် ကျင်းပခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်များက ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ၎င်းတို့၏ ကတိကဝတ် အသစ်ပြုပြင်ရေး၊ ပဋိပက္ခ ကာကွယ်ရေး၊ ပဋိပက္ခ ဆုံးဖြတ်ချက်၊ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၊ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေး၊ ကာလရှည် ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ခြင်းများ အကြောင်း ဆွေးနွေးခဲ့သည်။

မင်ဒဲလား၏ နှစ် ၁၀၀ ပြည့်မွေးနေ့အထိမ်းအမှတ်ပြုလုပ်ရန် အစည်းအဝေးကျင်းပရေးအတွက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ဆုံးဖြတ်ခဲ့ကြသည်။

မင်ဒဲလားသည် ၁၉၁၈ ခုနှစ် ဇူလိုင်လတွင် မွေးဖွားခဲ့ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားမှုကြောင့် လွန်ခဲ့သည့် ၅ နှစ်ကကွယ်လွန်ခဲ့သည်။ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တိုက်ဖျက်ရေးလှုပ်ရှားမှုတွင် ပါဝင်မှုကြောင့် ၂၇ နှစ်ကြာ ထောင်ကျခဲ့ပြီး တောင်အာဖရိက၏ ပထမဆုံး လူမည်းသမ္မတဖြစ်လာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.