Connect with us

North America

ချီလီနိုင်ငံရှိ ဆေးရုံတစ်ခုတွင် ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရသူ အမြောက်အမြားရှိ

အခင်းဖြစ်ပွားသည့်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဒီယာဂို ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ)

ချီလီနိုင်ငံ အလယ်ပိုင်း Bio Bioဒေသ Concepcionမြို့ရှိ ဆေးရုံတစ်ခုတွင် ဧပြီလ ၂၁ ရက်က ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၃ ဦး သေဆုံးပြီး ၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

၎င်းဆေးရုံ၌ နံနက်ပိုင်းတွင် ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားသည့်ဟု သိရှိရပြီး လူစုလူဝေးများကို ရှင်းလင်းနေချိန်တွင် ယခုကဲ့သို့ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၃ဦး သေဆုံးပြီး ၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ ယခုအခါ ဒဏ်ရာရသူများ ကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း ချီလီကျန်းမာရေးဝန်ကြီး Emilio Santelices က အခင်းဖြစ်ပွား ရာနေရာရှိ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မီးခိုးများတလိပ်လိပ်တက်နေပြီး လုံခြုံရေးရဲတပ်ဖွဲ့၊အရန်မီးသတ်အဖွဲ့နှင့် ကယ်ဆယ်ရေးကားများ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်နေသည်ကို တီဗွီဖန်သားပြင်ပေါ်ကတစ်ဆင့် တွေ့မြင်ခဲ့ရသည်။ မြို့တော်ဝန်Alvaro Ortizက ဆေးရုံ Bဆောင် ပထမထပ်ကတော့ ပျက်စီး ဆုံးရှုံးမှုအများဆုံး ဖြစ်သည်ဟု ဆိုသည်။

ချီလီသမ္မတSebastian Pineraက ယင်းနေ့တွင် ၎င်း၏တွစ်တာ လူမှုကွန်ရက်စာမျက်နှာ၌ သေဆုံးဒဏ်ရာရသူ များနှင့်၎င်းတို့၏မိသားစုဝင်များအား ဝမ်းနည်းကြောင်းအားပေးနှစ်သိမ့်စာ ရေးသားခဲ့သည်။

ယခုပေါက်ကွဲမှုဖြစ်ရသည့်အကြောင်းအရာကို စုံးစမ်းဆဲဖြစ်သည်။

Concepcionမြို့သည် ချီလီနိုင်ငံ၏မြို့တော် ဆန်ဒီယာဂို (Santiago)တောင်ဘက် ၅၀၀ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117