Connect with us

North America

စစ်သား လေးသောင်း လျှော့ချရန် အမေရိကန် စစ်တပ် စီစဉ်

အမေရိကန် စစ်သားများ စစ်ရေး လေ့ကျင့်နေစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

အမေရိကန် စစ်တပ်မှ နှစ်နှစ်အတွင်း ပြည်တွင်း၊ ပြည်ပ နှစ်နေရာလုံးတွင် စစ်သား အင်အား လေးသောင်း လျှော့ချရန် စီစဉ်နေကြောင်း ယူအက်စ်အေတူဒေး သတင်းအရ သိရပါသည်။

အဆိုပါ အစီအစဉ်အရ လက်ရှိတာဝန် ထမ်းဆောင်နေသော စစ်သား အင်အား ၄၉၀,၀၀၀ ရှိရာက ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မတိုင်မီ အထိ အင်အား ၄၅၀,၀၀၀ ခန့်သု့ိ လျှော့ချရန် စီစဉ်ထားပြီး အရပ်သား အဖွဲ့ဝင်များ ကိုလည်း ထပ်မံ လျော့ချရန်ရှိကြောင်း သတင်းတွင် ပြောထားပါသည်။ အစီအစဉ် အသေးစိတ်ကိုတေ့ာ ယခု တစ်ပတ်ကုန်တွင် တရားဝင် ကြေညာဖို့ ခန့်မှန်းရ ပါသည်။

ယခုလို စစ်အင်အား လျှော့ချခြင်း အစီအစဉ်ကို ပင်တဂွန် ဌာနချုပ်ကနေ ၂၀၁၆ ခုနှစ် ဘတ်ဂျက်တွင် ထည့်သွင်းထားပြီး ဖြစ်ပါသည်။

ပင်တဂွန်၏ စစ်အင်အား လျော့ချမည့် ဆုံးဖြတ်ချက်သည် စစ်အသုံးစရိတ်ကို လျှော့ချခြင်းနှင့် ဆက်စပ်နေခြင်း ဟုတ်မဟုတ် မသိရသေးသော်လည်း တရားဝင် အချက်အလက်များကို ကိုးကားပြီး ယူအက်စ်အေ တူဒေး၏ သတင်း အရ အလိုအလျောက် ဘတ်ဂျက် ဖြတ်တောက်မှုကို အောက်တိုဘာလတွင် စတင်လျင် စစ်တပ်မှ နောက်ထပ် စစ်သား ၃၀,၀၀၀ ကိုထပ်ပြီး လျော့ချရန် ရှိကြောင်း ဆိုပါသည်။

အီရတ်နှင့် အာဖဂန်နစ္စတန်မှာ တိုက်ပွဲအတွင်း ၂၀၁၂ ခုနှစ်တွင် စစ်သား အင်အား ၅၇၀,၀၀၀ အထိ အမြင့်ဆုံး ဖြစ်ခဲ့ပါသည်။
ယခုလို အင်အား လျှော့ချသော်လည်း အမေရိကန် စစ်တပ်သည် စစ်အင်အား အကြီးဆုံးအဖြစ် ရပ်တည်နေပါ သေးသည်။ (Xinhua)