Connect with us

North America

တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးက ခရိုင် ၁၃ ခုအား ရေလွှမ်းမိုးခြင်းကြောင့် ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်အဖြစ် ကြေညာ

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟာရစ်ခရိုင်တွင် မုန်တိုင်းတိုက်ခတ်ပြီးနောက် ရေဖုံးလွှမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟို့စ်တန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် အပူပိုင်းမုန်တိုင်း အီမယ်လ်ဒါ (Imelda) ကြောင့် ရေလွှမ်းမိုးခြင်းခံနေရသည့် ခရိုင် ၁၃ ခုအား ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်အဖြစ် ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက် အက်ဘော့ (Greg Abbott) က စက်တင်ဘာလ ၁၉ ရက်တွင် ကြေညာလိုက်ကြောင်း သိရသည်။

ဟာရစ်ခရိုင်သည်လည်း ရေလွှမ်းမိုးခြင်းကြောင့် ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ခံရသည့် ခရိုင်များအနက် တစ်ခုအပါအဝင်ဖြစ်သည်။

ဤကြေညာချက်သည် ရာသီဥတု အခြေအနေ ဆိုးရွားမှုအား တုန့်ပြန်ရန် လိုအပ်နိုင်သည့် ပြည်နယ်၏ မည်သည့်အရင်းအမြစ်များသို့မဆို ဒေသခံတာဝန်ရှိသူများ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၉ ရက်တွင် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်အရ သိရသည်။

အီမယ်လ်ဒါ အပူပိုင်းမုန်တိုင်းသည် တက္ကဆက်ပြည်နယ် အရှေ့တောင်ဘက် ကမ်းရိုးတန်းတစ်လျှောက် ဟို့စ်တန်မြို့လယ် တောင်ဘက် ၁၀၀ ကီလိုမီတာခန့်အကွာ ဖရီးပို့မြို့အနီး စက်တင်ဘာလ ၁၇ ရက် မွန်းလွဲပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့သည်။

အမေရိကန်နိုင်ငံ ဟာရီကိန်းစင်တာက စက်တင်ဘာလ ၁၉ ရက်တွင် ထုတ်ပြန်သည့် အများပြည်သူဆိုင်ရာ အကြံပြုချက်တွင် မုန်တိုင်း၏ အဓိက ဘေးအန္တရာယ်က “အသက်အန္တရာယ် စိုးရိမ်ရသော ရေလွှမ်းမိုးခြင်းများ ဖြစ်ပေါ်နိုင်မည်” ဟု သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117