Connect with us

North America

ထရမ့်နှင့် မာကဲတို့ အိမ်ဖြူတော်တွင် လာမည့် ရက်သတ္တပတ်အတွင်း တွေ့မည်

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာမာကဲတို့ ၂၀၁၇ ခုနှစ်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာမာကဲ (Angela Merkel) တို့သည် အိမ်ဖြူတော်၌ ဧပြီလ ၂၇ ရက်တွင် တွေ့ဆုံမည်ဟု အိမ်ဖြူတော်က ဧပြီလ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ခေါင်းဆောင်နှစ်ဦးတို့သည် ကျယ်ပြန့်သော ပထဝီနိုင်ငံရေးနှင့် စီးပွားရေး စိန်ခေါ်မှုများအား အတူတကွ ဆွေးနွေးသွားမည် ဖြစ်ကြောင်း အိမ်ဖြူတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။မာကဲသည် ပြီးခဲ့သည့်နှစ်က အမေရိကန်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည်။ မာကဲ၏ ခရီးစဉ်သည် ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မေခရွန်က အမေရိကန်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားသည့် ခရီးစဉ်၏ နောက်သုံးရက်အကြာ၌ဖြစ်သည်။

အမေရိကန်နိုင်ငံနှင့် ဂျာမနီနိုင်ငံ ဆက်ဆံရေးတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် တာဝန်ယူပြီး တစ်နှစ်အတွင်း နေတိုးကာကွယ်ရေး အသုံးစရိတ်၊ ကုန်သွယ်ရေးနှင့် အီရန်နျူကလီးယား သဘောတူစာချုပ် စသည့် ကိစ္စရပ်များဖြင့် အဆင်မပြေမှုများ ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117