Connect with us

North America

အမေရိကန်နိုင်ငံတွင် သားအိမ်အစားထိုးထားသော မိခင်မှ ပထမဆုံး ကလေး မွေးဖွား

ဆရာဝန်များနှင့် မွေးကင်းစ ကလေးငယ် တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် သားအိမ် အစားထိုးထားသော မိခင်မှ ပထမဆုံး ကလေး မွေးဖွားလိုက်ကြောင်း အမေရိကန် ဆရာဝန်များက ဒီဇင်ဘာလ ၄ ရက်တွင် ကြေညာလိုက်သည်။

အဆိုပါ ကလေးငယ်မှာ ယောကျ်ားလေး ဖြစ်ပြီး ပြီးခဲ့သည့်လက ဒဲလက်စ်ရှိ Baylor တက္ကသိုလ် ဆေးဘက်ဆိုင်ရာစင်တာ၌ မွေးဖွားခဲ့ခြင်း ဖြစ်သည်။

“မိခင်ရော ကလေးပါ နေကောင်းပါတယ်။ အမေကတော့ ဆေးရုံက ဆင်းသွားပါပြီ။ ကလေးကတော့ ဆေးရုံမှာ တင်ထားရတုန်းပါပဲ” အွန်လိုင်း အသံလွှင့်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် Baylor ဆရာဝန် တစ်ဦးက ပြောကြားခဲ့သည်။

သားအိမ် အစားထိုးခြင်းဆိုင်ရာ ကျန်းမာရေးစစ်ဆေးခြင်း၏ စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် Giuliano Testa က ယခုလို ကလေးမျိုးအား ပထမဆုံး အသက်ရှင်လျက် မွေးဖွားနိုင်ခဲ့ခြင်းသည် သမိုင်းမှတ်တိုင် တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပြီး “ဘယ်တော့မှ ကိုယ့်ဝမ်းနဲ့လွယ်ပြီး ကလေးမရနိုင်တော့ဘူးလို့ ထင်တဲ့ မိခင် တစ်ဦးရဲ့ မျှော်လင့်ချက်နဲ့ ပျော်ရွှင်လှပတဲ့ အခိုက်အတန့်လဲ ဖြစ်ပါတယ်” ဟု သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ယခုလို သားအိမ် အစားထိုးခြင်းသည် ကလေးမရနိုင်သည့် အမျိုးသမီးများအတွက် ကုသနည်းလမ်းသစ် တစ်ခုဖြစ်သည်။

သန္ဓေမတည်နိုင်သော သားအိမ်များမှာ ကလေးမွေးနိုင်သည့် အသက်အရွယ် အမျိုးသမီး ၅၀၀ လျှင် တစ်ဦးနှုန်း ဖြစ်ပွားပြီး ထိုသို့သော အမျိုးသမီးများအတွက် သားအိမ် အစားထိုးခြင်း နည်းလမ်း တစ်ခုတည်းသာ ကိုယ်ဝန်ဆောင်နိုင်မည် ဖြစ်သည်။

ယခုအခါ သားအိမ်အစားထိုး ကလေးမွေးဖွားခဲ့သော အမျိုးသမီးများမှ ကလေး ရှစ်ဦးအထိ မွေးဖွားခဲ့ပြီး ၎င်းတို့အားလုံးမှာ ဆွီဒင်နိုင်ငံမှ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.