Connect with us

North America

စတော့ရှယ်ယာ ထိန်းချုပ်ရောင်းဝယ် သည့် စက်ရုပ် ပေါ်ထွက်လာပြီး ကုမ္ပဏီ ၏ ရှယ်ယာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ် အားလုံးကို စက်ရုပ်က လုပ်ဆောင်သွားမည်

အမေရိကန် နိုင်ငံ ရှိ စတော့ရှယ်ယာ ရောင်းဝယ်ရေး စင်တာ တစ်ခု အားမြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

အလိုအလျောက် ကားမောင်းနှင်ပေးသည့် စနစ် ၊ အသံပိုင်းဆိုင်ရာ ဝေဖန်ခွဲခြားပေးသည့် စနစ် ၊ စစ်တုရင် နှင့် ဖဲကစား နည်းများ ဆောင်ရွက်နိုင်သည့် စနစ် များ တီထွင် နိုင်ပြီး နောက်ပိုင်းတွင် လူသားတို့တီထွင် ထားသည့် လူသားအသိဉာဏ် နယ်ပယ်တွင် ထိုးဖောက်မှု တစ်ခု ထက်မံ ပေါ်ထွက်လာခဲ့ပါသည်။ ၎င်းမှာ အမေရိကန် နိုင်ငံ Silicon Valley ရှိ ကုမ္ပဏီ တစ်ခု မှ တီထွင် လိုက်သည့် ရှယ်ယာ ရောင်းဝယ်မှု လုပ်ငန်းစဉ် အစအဆုံး ကို ပြုလုပ်နိုင်သော လူသားအသိဉာဏ် စနစ် ဖြစ်ပြီး ထိုစနစ်သည့် ကုမ္ပဏီ မှ သတ်မှတ်ထားသည့် အကျိုးအမြတ် ထက်ပင် ပိုမို ရရှိအောင် ဆောင်ရွက် နိုင်ခဲ့ကြောင်း သိရှိရသည်။

Bloomberg သတင်း စာ၏ ဖော်ပြချက်တွင် ယခု ရှယ်ယာ ရောင်းဝယ်ရေး စနစ်ကို တီထွင် ခဲ့သည့် Sentient နည်းပညာ ကုမ္ပဏီ တည်ထောင်သူ Babak Hodjat က လူသားများအနေဖြင့် ရှယ်ယာရောင်းဝယ်မှု ဆောင်ရွက်ရာတွင် ခံစားချက်အပေါ် အလွန် မှီခိုနေကြပြီး ဆုံးဖြတ်ချက်များချမှတ်ရတွင် လည်း မိမိ ခံစားမှု အလျှောက် ဆောင်ရွက်တတ်ကြကြောင်း ၊ ထို့ကြောင့် မိမိ အနေဖြင့် လွန်ခဲ့သည့် ၁၀ နှစ် က Sentient နည်းပညာ ကုမ္ပဏီ တည်ထောင်ရာတွင် ပါဝင် ခဲ့ပြီး လူသားအသိဉာဏ်(Artificial Intelligence,AI) စနစ် အတွက် အချက်အလက်များစွာကို လေ့လာစုဆောင်းခဲ့ပြီး ရှယ်ယာဈေးကွက် အလားအလာ ကို ခန့်မှန်းနိုင်ပြီး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်သော စနစ်ကို တီထွင် ခဲ့ကြောင်း ပြောကြားခဲ့သည်။

အချို့ ကုမ္ပဏီ များမှ တီထွင်ခဲ့သည့် လူသားအသိဉာဏ် အသုံးပြု၍ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည့် စနစ် နှင့် မတူညီ သည့်အချက်မှာ Sentient နည်းပညာ ကုမ္ပဏီ သည် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည့် လုပ်ငန်းစဉ် အစအဆုံး ၏ ဆုံးဖြတ်ချက် အားလုံးကို စက်ရုပ် မှ ဆုံးဖြတ်ပေးသွားရန် ဆောင်ရွက်ထားခြင်း ဖြစ်သည်။ ကုမ္ပဏီ ၏ ရောင်းဝယ်မှု ဌာန တစ်ခုလုံးတွင် ဝန်ထမ်း နှစ်ဦးသာ ထားရှိပြီး စက်ရုပ်ကို စောင့်ကြည့်ရန် ထားရှိပြီး မှားယွင်းမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက စက်ရုပ် ကို ရပ်တန့်ကာ ရောင်းဝယ်မှု ပြုလုပ်ခြင်းကို အဆုံးသတ်ပစ်ရန် ထားရှိခြင်း ဖြစ်သည်။ အမေရိကန် နိုင်ငံ တွင် အချို့သော နည်းပညာ နှင့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ များသည်လည်း ငွေကြေးအင်အား အများအပြား အသုံးပြုပြီး လူသားအသိဉာဏ် စနစ်များ တီထွင် ခဲ့သော်လည်း ထို ကုမ္ပဏီ များမှ တီထွင် လိုက်သည့် စနစ်များသည် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အကြံဉာဏ် ကိုသာ ပေးနိုင်ပြီး နောက်ဆုံး ဆုံဖြတ်ချက် ကို ချမှတ် မပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

သတင်း ဖော်ပြချက်များအရ Sentient နည်းပညာ ကုမ္ပဏီ ၏ လူသားအသိဉာဏ် ရင်းနှီးမြှုပ်နှံမှု စနစ် သည် အတွေ့အကြုံများ ကို စုဆောင်းပြီး ယင်းစနစ်ကို အလိုအလျောက် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းလည်း ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။ ယင်းကုမ္ပဏီ သည် ကမ္ဘာ့နေရာအနှံအပြားတွင် တစ်ပြိုင်တည်း လုပ်ငန်းဆောင်ရွက်နေသည့် ထောင်နှင့်ချီသော စက်ရုပ်များတည်ရှိပြီး တမူထူးခြားသည့် တွက်ချက်နည်းဖြင့် သန်းထောင်ပေါင်းများစွာသော “gene” ဟု သတ်မှတ်ထားသည့် အတုအယောင် ရောင်းဝယ်သူ များကိုလည်း ဖန်တီး ထားခဲ့သည်။ လူသားအသိဉာဏ် ရင်းနှီးမြှုပ်နှံမှု စနစ် က သမိုင်းဖြစ်စဉ် ကိန်းကဏန်း များကို အသုံးပြုပြီး အတုအယောင် ရှယ်ယာရောင်းဝယ်မှု “gene” များကို မိနစ်ပိုင်း အတွင်း ရက်ပေါင်း ၁၈၀၀ စာ ရှယ်ယာ ရောင်းဝယ်မှု များကို ပြုလုပ်စေနိုင်ကြောင်း သိရှိရသည်။ ယင်းကဲ့သို့ စေခိုင်းခြင်း အားဖြင့် မကောင်းမွန်သော အတုအယောင် ရောင်းဝယ်သူ “gene” များကို ဖယ်ရှားသွားပြီး အောင်မြင်ကောင်းမွန်သည့် “gene” များကို ထိန်းသိမ်းထားရှိ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

စစ်ဆေးမှုများ ပြုလုပ်ခြင်းမှ ရရှိလာသော ကောင်းမွန်သည့် အတုအယောင် ရောင်းဝယ်သူ “gene” များကို လက်တွေ့ ရှယ်ယာ ရောင်းဝယ်မှု လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်သည်။ ကုမ္ပဏီ ဝန်ထမ်းများ အနေဖြင့် သတ်မှတ်ထားသည့် အချိန်များတွင် ရှယ်ယာရောင်းဝယ်မှု လုပ်ငန်းတွင် လိုအပ် သည့် ကိန်းကဏန်း အချို့ကို ထည့်သွင်းပေးရုံဖြင့် ကျန်ရှိသည့် လုပ်ငန်း ဆောင်ရွက်မှု အပိုင်းအားလုံးကို စက်ရုပ် မှ ဆက်လက် ဆောင်ရွက်သွားပေးမည် ဖြစ်သည်။

Sentient နည်းပညာ ကုမ္ပဏီ ၏ ထိပ်တန်း ရင်းနှီးမြှုပ်နှံသူ Jeff Holman က လက်ရှိချိန်တွင် စက်ရုပ် အနေဖြင့် ရှယ်ယာ ရောင်းဝယ်မှု ဆိုင်ရာ ကိန်းကဏန်းများစွာကို သိမ်းဆည်း ထားနိုင်ခဲ့ပြီး နေ့စဉ် ရောင်းဝယ်မှုပေါင်း ရာနှင့်ချီသော အရောင်းအဝယ်များကို ဆောင်ရွက် နိုင်ခဲ့ကြောင်း ၊ စက်ရုပ် ၏ လုပ်ဆောင်နိုင်မှု စွမ်းရည်သည် မူလက ကုမ္ပဏီ မှ သတ်မှတ်ထားသည့် မျှော်မှန်းချက်ထက်ပင် ကျော်လွန်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် Jeff Holman က ယင်း စက်ရုပ် နှင့် ပတ်သက်၍ ထားရှိသည့် ကိန်းကဏန်း အတိအကျ ကိုမူ ထုတ်ဖော်ပြောကြား ခြင်းမရှိခဲ့ကြောင်း သိရှိရသည်။

လူသားအသိဉာဏ် နယ်ပယ် နည်းပညာပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်လာသည် နှင့်အမျှ စတော့ရှယ်ယာ ရောင်းဝယ် နိုင်သည့် လူသားအသိဉာဏ် ကဏ္ဍသည်လည်း နည်းပညာသမား များနှင့် ရင်းနှီးမြှုပ်နှံသူ တို့စိတ်ဝင်စားသည့် အကြောင်းအရာ တစ်ခု ဖြစ်လာစေခဲ့သည်။ဗြိတိန် နိုင်ငံ Bristol တက္ကသိုလ် ပါမောက္ခ Cristianini က စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍသည် လူသား အသိဉာဏ်ကြောင့် ပြောင်းလဲမှု ဖြစ်သွား နိုင်ဆုံးသော လုပ်ငန်း ၁၀ မျိုး အတွင်း အပါအဝင် တစ်ခု ဖြစ်ကြောင်း ပြောကြား ခဲ့ဖူးသည်။ စာရင်း ပြုစုချက် များအရ Sentient နည်းပညာ ကုမ္ပဏီ သည် ပြီးခဲ့သည့် ၅ နှစ်တာ ကာလအတွင်း စွန့်စားရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်း အများဆုံး ရရှိခဲ့သည့် လူသား အသိဉာဏ် နည်းပညာ ကုမ္ပဏီ တစ်ခု ဖြစ်ကြောင်းလည်း သိရှိရသည်။

သို့သော်လည်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည့် လုပ်ငန်းရှင်တိုင်းသည် ယခု တီထွင် ခဲ့သည့် စက်ရုပ်အပေါ် ယုံကြည်မှု မရှိခဲ့ကြောင်း သိရှိရသည်။ဗြိတိန် နိုင်ငံ Man ငွေကြေးဆိုင်ရာ ကုမ္ပဏီ ၏ ထိပ်တန်း သိပ္ပံပညာရှင် Ledford က လူသား အသိဉာဏ် အပေါ် အလွန်အကျွံ ယုံကြည်မှု ထားရှိခြင်း မပြုလုပ်ရန် နှင့် ယင်းကဏ္ဍသည် ရင့်ကျက်မှု ရရှိရန် အချိန်ကာလများစွာ လိုအပ်နေသေးကြောင်း သတိပေး ပြောကြားခဲ့သည်။ တီထွင်သူများ အနေဖြင့်လည်း အလွန်ဆွဲဆောင်မှုအားကောင်းသည့် ကတိကဝတ်များပြောကြား ခဲ့သော်လည်း ရင်းနှီးမြှုပ်နှံသူများ သည် အချို့တီထွင်မှုများတွင် ငွေကြေးအလုံးစုံဆုံးရှုံးကာ မည်သည့်အရာမှ ပြန်လည် မရရှိတော့သည့် အဖြစ်များလည်း ဖြစ်ပွားခဲ့ကြသည်။ (Xinhua)