Connect with us

North America

တရုတ်နိုင်ငံသည် ကျူးဘားနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာ

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် (ဝဲ) နှင့် ကျူးဘားနိုင်ငံ သမ္မတ ရောလ်ကတ်စထရို (ယာ)တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ဟာဗာနာ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

၂၀၁၆ခုနှစ်သည် တရုတ်နိုင်ငံ အနေဖြင့် ကျူးဘားနိုင်ငံ ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်လာသည့် ပထမဆုံးနှစ်ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးသည် မေရိကန်ဒေါ်လာ ၂.၅၈၅ဘီလီယံ အထိ ရောက်ရှိခဲ့ကြောင်း ONEI ကျူးဘားနိုင်ငံ စာရင်းစစ်ဋ္ဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်နိုင်ငံ နှင့် ကျူးဘားနိုင်ငံအကြား စီးပွားရေးအရ အပြန်အလှန် တင်ပို့မှုများအရ ကျူးဘားနိုင်ငံ သည် အမေရိကန်ဒေါ်လာ ၂.၃၂၈ဘီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်းများကို တရုတ်နိုင်ငံမှ တင်သွင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၅၇သန်း တန်ဖိုးရှိ ကုန်ပစ္စည်းများကို ပြန်လည် တင်ပို့ခဲ့ကြောင်း သိရသည်။

ကျူးဘား သတင်းစာ Juventud Rebelde က နှစ်နိုင်ငံဆက်ဆံရေး သမိုင်းတွင် ပထမဆုံးအနေဖြင့် ၂၀၁၆ခုနှစ် တွင် အပြန်အလှန်ကုန်သွယ်မှုအရ တရုတ်နိုင်ငံသည် ကျူးဘားနိုင်ငံ၏ ပထမတန်းစား ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာကြောင်း ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် ကျူးဘားနိုင်ငံ၏ အစဉ်အလာရှိခဲ့သော ကုန်သွယ်ဖက်ဖြစ်သည့် ဗင်နီဇွဲလားနိုင်ငံကို ကျော်တက်၍ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်လာခြင်းဖြစ်သည်။

ဗင်နီဇွဲလာနိုင်ငံ နှင့်ကျူးဘားနိုင်ငံ အကြား ကုန်ပစ္စည်းကုန်သွယ်မှုသည် ၂၀၁၆ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄.၂ဘီလီယံ မှ ၂.၂၂၄ဘီလီယံသို့ ၇၀ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ၂၀၁၄ခုနှစ်တွင် ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၇.၃ဘီလီယံရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.