Connect with us

North America

နယ်စပ်တံတိုင်းကာမှု နှင့် ပတ်သက်၍ မက္ကဆီကို သမ္မတ က ထရမ့်နှင့် တွေ့ဆုံမည့်အစီအစဉ်အား ပယ်ဖျက်

မက္ကဆီကို စီးတီး၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံသမ္မတ Enrique Pena Nieto က လာမည့် ဇန်နဝါရီ ၃၁ရက်တွင် ဝါရှင်တန်မြို့ ၌ အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် နှင့် အလုပ်သဘောအရ တွေ့ဆုံရန် စီစဉ်ထားသော ဆွေးနွေးပွဲအား တက်ရောက်တော့မည်မဟုတ်ကြောင်း ဇန်နဝါရီ ၂၆ရက် ကပြောကြားခဲ့သည်။

Enrique Pena Nieto က “ ဇန်နဝါရီ ၃၁ ရက် မှာ သမ္မတ ဒေါ်နယ်ထရမ့် နဲ့ အလုပ်သဘောအရ တွေ့ဆုံဆွေးနွေးပွဲ ကို မတက်ရောက်နိုင်တဲ့အကြောင်းကို ဒီနေ့ မနက်ပိုင်းကပဲ အိမ်ဖြူတော်ကို အကြောင်းကြားပြီးပါပြီ” ဟု တွစ်တာ၌ရေးသားခဲ့သည်။ထရမ့်က ၎င်း၏ တွစ်တာစာမျက်နှာပေါ်၌ မက္ကဆီကိုနိုင်ငံ အနေဖြင့် နယ်စပ်တံတိုင်းအတွက် ငွေကြေးပေးရန် ဆန္ဒမရှိပါက တွေ့ဆုံပွဲကိုလည်း ပယ်ဖျက်သင့်ကြောင်း ရေးသားခဲ့ပြီး နာရီအနည်းငယ်အကြာတွင် မက္ကဆီကို သမ္မတ၏ ရေးသားချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ထရမ့်က “ မက္ကဆီကို က တံတိုင်းဖိုးကို မပေးဘူးဆိုရင်တော့ လာမည့်တွေ့ဆုံပွဲကို ဖျက်လိုက်တာ ပိုကောင်းပါတယ်” ဟု တွစ်တာ၌ရေးသားခဲ့သည်။ယင်းတွေ့ဆုံပွဲ၌ မြောက်အမေရိကလွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက် (NAFTA) နှင့် ရွှေ့ပြောင်းဒုက္ခသည်များအကြောင်း ပြန်လည်ညှိနှိုင်းဆွေးနွေးရန် ယခင်က စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117