Connect with us

North America

အမေရိကန်နိုင်ငံ က ဆိုမာလီ နှင့် ကင်ညာနိုင်ငံသား ၉၀ ကျော် အား ပြည်နှင်ဒဏ်ပေး

အမေရိကန်နိုင်ငံ က ပြည်နှင်ဒဏ်ပေးခဲ့သည့် ဆိုမာလီ နှင့် ကင်ညာနိုင်ငံသားအချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နိုင်ရိုဘီ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မှ ပြည်နှင်ဒဏ်ပေးခဲ့သော ဆိုမာလီနိုင်ငံသား နှင့် ကင်ညာနိုင်ငံသား ၉၀ဦးကျော်သည် ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီမြို့သို့ ဇန်နဝါရီ ၂၅ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း ကင်ညာနိုင်ငံ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

အစိုးရပြောရေးဆိုခွင့်ရှိသူ Eric Kiraithe က ပြည်နှင်ဒဏ်ပေးခံရသူများတွင် ဆိုမာလီအမျိုးသား ၉၀ ဦး နှင့် ကင်ညာအမျိုးသမီး ၂ဦးပါဝင်ကြောင်း နှင့် မည်သည့်အတွက်ကြောင့် ပြည်နှင်ဒဏ်ပေးခံရခြင်းကိုမူ မသိရှိကြောင်း ပြောကြားခဲ့သည်။

လေဆိပ်ရှိ လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ဆိုမာလီနိုင်ငံသားများသည် ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးမြို့သို့ ဆက်လက်ပျံသန်းသွားမည်ဖြစ်ပြီး ကင်ညာနိုင်ငံသားများမှာမူ ကျန်ရစ်နေခဲ့မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

အခြားတာဝန်ရှိသူများက အမေရိကန်နိုင်ငံ အာဏာပိုင်များက တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများနှင့် ပတ်သက်၍ တင်းကျပ်စွာ ဆောင်ရွက်နေသည့်အတွက်ကြောင့် ယခုပြည်နှင်ဒဏ်ပေးမှုသည် ယခင်ဖြစ်စဉ်များနှင့် နှိုင်းယှဉ်ပါက အရေအတွက်ပိုမိုများကြောင်း သတ်မှတ်ပြောဆိုခဲ့သည်။

ယင်းပြည်နှင်ဒဏ်ပေးမှုသည် ရွှေ့ပြောင်းဒုက္ခသည် အများစုအား ယာယီ ပိတ်ပင်ခြင်း၊ ဆီးရီးယားနိုင်ငံသားများ၊ အခြားအရှေ့အလယ်ပိုင်း နှင့် အာဖရိကနိုင်ငံ ခြောက်နိုင်ငံအား ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်လိုက်ခြင်းတို့ ပါဝင်သည့် သမ္မတ အမိန့်များအား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးခြင်းမတိုင်ခင် ထွက်ပေါ်လာခြင်းဖြစ်သည်။

လေ့လာသုံးသပ်သူများက အမေရိကန်နိုင်ငံအတွင်းသို့ ကလေးငယ်များအဖြစ် တရားမဝင် ဝင်ရောက်လာသူ ၈၀၀,၀၀၀ နီးပါးအား ပြည်နှင်ဒဏ်ပေးခြင်းမှ ကာကွယ်ပေးထားသည့် ၂၀၁၂ခုနှစ် အိုဘားမား၏ အမိန့်စာကို ဒေါ်နယ်ထရမ့်အနေဖြင့် ပယ်ဖျက်ရန် အစီအစဉ် နှင့် ပတ်သက်၍မူ ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း ပြောကြားခဲ့သည်။

ထရမ့်သည် ၎င်း၏ မဲဆွယ်ပွဲများအတွင်း အိုဘားမား က တရားမဝင်ရွှေ့ပြောင်းလာသည့် ငယ်ရွယ်သူများအား ပြည်နှင်ဒဏ်ပေးခြင်းမှ ယာယီကာကွယ်ပေးထားခြင်းနှင့် ၎င်းတို့အား ၂နှစ်တာ အလုပ်လုပ်ခွင့်များ ပေးအပ်ထားသည့် အစီအစဉ်အား ချက်ချင်းရပ်တန့်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.