Connect with us

North America

လူဖြူအမျိုးသားရေးဝါဒီများ၏ ဆန္ဒပြသည့်လုပ်ရပ်အား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရှုတ်ချ

အမေရိကန်နိုင်ငံ၌ ဗာဂျီးနီးယားပြည်နယ်၌ အမျိုးသားရေးဝါဒီများ ဆန္ဒပြနေကြစဉ်(ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် Charlottesville မြို့၌ လူဖြူအမျိုးသားရေးဝါဒီများ နှင့် လက်ယာယိမ်းဝါဒီများက သြဂုတ်လ ၁၁ ရက်တွင် စုဝေးဆန္ဒပြခဲ့ကြပြီး ယင်းလုပ်ရပ်အပေါ် သမ္မတ ဒေါ်နယ်ထရမ့်က ကန့်ကွက် ရှုတ်ချလိုက်ကြောင်း သိရသည်။

Charlottesville မြို့တော်ဝန် Michael Signer နှင့် ဆေးရုံတာဝန်ရှိသူများ၏ အစောပိုင်းပြောကြားချက်အရ မြို့တွင်း၌ ဖြစ်ပွားနေသော အမျိုးသားရေးဝါဒီများ၏ ဆန္ဒပြပွဲအတွင်း ယာဉ်မတော်တဆမှုတစ်ခုတွင် အနည်းဆုံး လူတစ်ဦးသေဆုံးပြီး ၁၉ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဆိုထားသည်။

အခင်းဖြစ်မှု မတိုင်မီ ထောင်ပေါင်းများစွာသော အမျိုးသားရေးဝါဒီများ ၊ လူမျိုးရေးအစွန်းရောက်များ နှင့် လက်ယာယိမ်း ဆန္ဒပြသူများသည် Charlottesville မြို့လယ်ခေါင်ရှိ Emancipation ပန်းခြံတွင် စုဝေးပြီး “Unite the Right ” ဟူ၍ ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။ ဗာဂျီးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Terry McAuliffe က သြဂုတ်လ ၁၂ နံနက်ပိုင်းတွင် ပြည်နယ်အား အရေးပေါ်အခြေအနေကြေညာခဲ့ပြီးနောက်တွင် ၎င်းဆန္ဒပြသူများအား ရဲတပ်ဖွဲ့က လူစုခွဲခဲ့သည်။

ဆန္ဒပြမှုနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ၎င်း၏တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ်တွင် “ အမုန်းတရားအတွက် ရပ်တည်နေမှုအားလုံးကို ရှုတ်ချရမှာဖြစ်ပြီး ကျွနု်ပ်တို့အားလုံး ညီညွတ်ရပါမယ်။ အမေရိကန်နိုင်ငံမှာ ဒီလို ပဋိပက္ခဖြစ်ပွားဖို့နေရာမရှိပါဘူး” ဟူ၍ ရေးသားဖော်ပြထားသည်။ သို့သော် လူဖြူအမျိုးသားရေးဝါဒီများ နှင့် ဆန္ဒပြလှုပ်ရှားမှုအပေါ် တစ်စုံတစ်ရာ မှတ်ချက်ပြုရေးသားထားခြင်းမရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.