Connect with us

North America

Obamacare အား ရပ်ဆိုင်းသည့် အမိန့်ကို ထရမ့် လက်မှတ်ရေးထိုး

Obamacare အား ရပ်ဆိုင်းသည့် အမိန့်ကို လက်မှတ်ရေးထိုးနေသည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

ကျမ်းသစ္စာ ကျိန်ဆိုပွဲ ပြုလုပ်ပြီးနောက် နာရီပိုင်းအကြာ၌ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပထမဆုံး သမ္မတ အမိန့်အဖြစ် သမ္မတဟောင်း ဘာရတ် အိုဘားမား၏ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေ သို့မဟုတ် Obamacare အစီအစဉ်ကို ရုပ်သိမ်းလိုက်သည့် အမိန့်အား ဇန်နဝါရီလ ၂၀ ရက်က လက်မှတ် ရေးထိုးလိုက်ကြောင်း သိရသည်။

အဆိုပါ အမိန့်ညွှန်ကြားချက်အား အစိုးရအဖွဲ့ အသီးသီးသို့ အိမ်ဖြူတော် အရာရှိချုပ် Reince Priebus က ပေးပို့လိုက်ပြီး အခြား ညွှန်ကြားချက် တစ်စုံတစ်ရာ မထွက်လာမီအချိန်အထိ လုပ်ဆောင်ချက်များ အားလုံးကို ချက်ချင်း ရပ်တန့်ထားရမည် ဖြစ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Sean Spicer က ထုတ်ပြန်ထားသည်။ယခုလို လုပ်ဆောင်ခြင်းသည် ထရမ့်၏ စည်းရုံးရေးဆင်းစဉ် ကာလက အဓိက ကတိပေးထားချက် တစ်ခုဖြစ်သော Obamacare အား ရုပ်သိမ်းခြင်း သို့မဟုတ် အစားထိုးခြင်း ဟူသော ကတိအား ဖော်ဆောင်ခြင်းလည်း ဖြစ်ကြောင်း Spicer က ပြောသည်။Obamacare သည် လူနာများအား အကာအကွယ်နှင့် သင့်တင့်သော စောင့်ရှောက်မှု ဥပဒေအား တရားဝင် ခွင့်ပြုပေးခြင်း ဖြစ်ပြီး ယင်း ဥပဒေမှာ အာမခံပေးသွင်းငွေများ ကြီးမြင့်လာနိုင်သည့်အတွက် ဝေဖန်မှု ခံနေရခြင်း ဖြစ်သည်။

ဘဲဥပုံ ရုံးခန်း၌ ပထမဆုံး စတင် တာဝန်ထမ်းဆောင်သည့် ထရမ့်က လက်မှတ်ရေးထိုးခဲ့သော ယင်း အမိန့်နှင့် ပတ်သက်၍ အသေးစိတ် အကြောင်းအရာ ပြောကြားရန် အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားသည်။တစ်ချိန်တည်းမှာပင် ကာကွယ်ရေး ဝန်ကြီး James Mattis နှင့် အမိမြေ လုံခြုံရေး ဝန်ကြီး ဂျွန်ကယ်လီတို့အား ခန့်အပ်သည့် အတည်ပြုလွှာကိုလည်း ထရမ့်က လက်မှတ်ရေးထိုးခဲ့သည်။ဒေါ်နယ်ထရမ့်သည် အမေရိကန်နိုင်ငံ၏ ၄၅ ဆက်မြောက် သမ္မတအဖြစ် ဇန်နဝါရီလ ၂၀ ရက်က Capitol Hill ၌ ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117