နေပြည်တော် ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)

ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ)ဦးထွန်းထွန်းဟိန် နှင့် တရုတ်နိုင်ငံ တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၏ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ဝင် ၊ ရစ်ခါကျယ် မြူနီစပယ် ပြည်သူ့ ကွန်ဂရက်၏ အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ Mr.Cheng Siqu ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့သည် ယနေ့ဇွန် ၁၈ ရက်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၌ တွေ့ဆုံခဲ့ကြသည်။

ရန်ကုန် ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၏ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ဝင် ၊ ရစ်ခါကျယ် မြူနီစပယ် ပြည်သူ့ ကွန်ဂရက်၏ အမြဲတမ်းကော်မတီ ညွှန်ကြားရေးမှူး Mr.Cheng Siqu ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ဇွန် ၁၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့သွားရောက်ကာ တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် တွေ့ဆုံခဲ့ကြသည်။

ရန်ကုန် ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၏ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ဝင် ၊ ရစ်ခါကျယ် မြူနီစပယ် ပြည်သူ့ ကွန်ဂရက်၏ အမြဲတမ်းကော်မတီ ညွှန်ကြားရေးမှူး Mr.Cheng Siqu ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ နှင့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့(MISIS) ဥက္ကဋ္ဌ ဦးညွှန့်မောင်ရှိန် တို့သည် ယနေ့ဇွန် ၁၇ ရက်တွင် ရန်ကုန်မြို့ရှိ MISIS ရုံး၌ တွေ့ဆုံခဲ့သည်။

ရန်ကုန် ၊ မေ ၂၄ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ တွင် (၄) နှစ် ခန့် တာဝန် ထမ်းဆောင် ခဲ့သည့် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၏ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် နှုတ်ဆက်ပွဲ အခမ်းအနား အား မေလ ၂၄ ရက် ညပိုင်း အချိန် တွင် ရန်ကုန်မြို့ရှိ Wyndham Grand Hotel တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး သံအမတ်ကြီး က အနာဂတ် တွင် မည်သည့် နေရာ ရောက်ရှိနေသည် ဖြစ်စေ တရုတ်-မြန်မာ ချစ်ကြည်ရေး လုပ်ငန်း ကို အလေးထား ဂရုပြုနေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

နေပြည်တော်၊ မေ ၁၃ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းသည့် ရဲတပ်ဖွဲ့သုံး လုံခြုံရေး ပစ္စည်းများ လွှဲပြောင်းပေးအပ် သည့် အခမ်းအနားကို ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ယနေ့ ပြုလုပ်ခဲ့ရာ အလှူရှင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးကိုယ်စား တရုတ်နိုင်ငံ သံအမတ်ကြီး တက်ရောက် ပေးအပ်ခဲ့ပြီး ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက လက်ခံရယူခဲ့သည်။

ရန်ကုန် ၊ မေ ၃ ရက်(ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဆိုင်ရာ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သံရုံးက မြန်မာနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည့် သက်ဆိုင်ရာ ထုတ်ပြန်ချက် နှင့် မူဆယ် တွေ့ဆုံဆွေးနွေးပွဲတွင် အပြုသဘော ဆောင်သည့် ရလဒ်များ ရရှိခြင်း အပေါ် ကြိုဆိုကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

ပေကျင်း ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် မြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ပေကျင်းမြို့ရှိ မဟာပြည်သူ့ခန်းမ၌ ဧပြီ ၁ဝ ရက်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ရန်ကုန် ၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

ဒုတိယ ကမ္ဘာစစ် အတွင်း မြန်မာ နိုင်ငံ ရှိ ဖက်ဆစ် ဂျပန် များအား တိုက်ခိုက်စဉ် အတွင်း ကျဆုံးသွား ခဲ့ကြသည့် တရုတ် အဝေးရောက် စစ်သည် များအား ရည်ရွယ်၍ အသစ် တည်ဆောက်ခဲ့သည့် အထိမ်းအမှတ် ကျောက်တိုင် နှင့် ပြတိုက် အား ဧပြီ ၄ ရက် နေ့လယ်ပိုင်း အချိန် တွင် တောင်ငူ မြို့ ရှိ ဟုတ်ဝမ် ဗုဒ္ဓဘာသာ ဘုရားကျောင်း တွင် ဖွင့်လှစ် ပေးခဲ့သည်။

ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မီဒီယာ သည် တရုတ်ဘက်က မြန်မာနိုင်ငံပြည်တွင်း မှာ “Safe Zone’’ ဟူသည်ကို ထူထောင်ရန် သဘောတူသည်ဟူသော သတင်းထုတ်ပြန်ချက်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် သိရှိခဲ့ကြောင်း၊ ၎င်းသတင်းထုတ်ပြန်ချက် သည် အခြေအမြစ်လုံးဝ မရှိကြောင်း မြန်မာနိုင်ငံနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကြေညာချက်ထုတ်ပြန်သည်။

ရန်ကုန် ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သွား နှင့် ခံတွင်း ဆရာဝန်များ အသင်း နှင့် UEG Medical Group တို့ ပူးပေါင်း ၍ ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန် မြို့ရှိ Sule Shangri-La ဟိုတယ် ၌ မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန သို့ သွား နှင့် ခံတွင်းဆိုင်ရာ Spectrum CBCT အား လှူဒါန်းပေး ခဲ့သည်။