ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၌၂၀၁၉ ခုနှစ်အတွင်း ယာဉ်တိုက်မှုပေါင်း ၁,၄၀၀ကျော်ဖြစ်ပွားပြီး ကျပ် သိန်းပေါင်း ၃,၆၀၀ကျော် ဆုံးရှုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ကွမ်းခြံကုန်းကွေ့တွင် ယနေ့ နံနက် ၁၁ နာရီခန့်က ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားပြီး ယာဉ်တစ်စီးချောက်အတွင်းပြုတ်ကျခဲ့ရာ လူ၂၂ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၂၀၁၉ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် လူ၁၀၆ ဦးသေဆုံးကာ ၁,၀၀၀ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူမြို့၌ စက်တင်ဘာ ၂ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုကြောင့် လူနှစ်ဦး သေဆုံးကာ အခြား တစ်ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ကိုင်ရို ၊သြဂုတ် ၅ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် သြဂုတ် ၄ ရက် ညဉ့်နက်ပိုင်းက ယာဉ်မတော်တဆမှုမှတစ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ် ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ သိန်းနီမြို့ နာတီးကျေးရွာ သိန်းနီ-ကွမ်းလုံသွား ကားလမ်းမိုင်တိုင်အမှတ်(၃၁)အနီး ၌ ဇူလိုင် ၂၆ ရက် ညနေပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားပြီး ကလေး ၅ ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီး မုံရွာ-မန္တလေးကားလမ်း မိုင်တိုင် (၆၅/၂-၃)ကြား၌ ဇူလိုင် ၁၁ ရက်တွင် ယာဉ်တိုက်မှုကြောင့် ၃ ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဖနွမ်းပင်၊ ဇွန် ၉ ရက် (ဆင်ဟွာ) အနောက်တောင်ပိုင်း ကမ္ဘောဒီးယားနိုင်ငံ၏ Kampong Speuပြည်နယ်တွင် ဇွန် ၈ ရက် ညနေပိုင်းက ယာဉ်တစ်စီးတိုက်မှုဖြစ်ပွားပြီး လူ ၄ဦး ဒဏ်ရာရရှိကာ ၁၀ ဦးအနည်းဆုံးသေဆုံးခဲ့ကြောင်း အကြီးတန်း ရဲတပ်ဖွဲ့အရာရှိတစ်ဦးက ပြောကြားသည်။
မက္ကစီကို စီးတီး၊ မေ ၃၀ ရက်(ဆင်ဟွာ) မက္ကစီကိုနိုင်ငံ အရှေ့ပိုင်း Veracruzပြည်နယ် အဝေးပြေးလမ်းမပေါ်တွင် မေ ၂၉ ရက်၌ လယ်ထွန်စက်နောက်တွဲယာဉ်နှင့် ခရီးသည်ယာဉ်တစ်စီး ပြင်းထန်စွာတိုက်မိမှုကြောင့် လူ ၂၁ ဦးသေဆုံး ခဲ့ကြောင်း ဒေသလူထုအခြေပြု ကာကွယ်စောင့်ရှောက်ရေးသတင်းအေဂျင်စီတွင် ဖော်ပြထားသည်။
ရန်ကုန် ၊ မေ ၂၇ ရက်(ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၈၅/၅) အနီး တွင် မေ ၂၆ ရက်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း...