ဘိုင်ရာ၊အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ China Exim Bank၏ချေးငွေဖြင့် China Harbour Engineering Company(CHEC)မှ တာဝန်ယူ ပြုပြင်တည်ဆောက်ပေးသော မိုဇမ်ဘစ်နိုင်ငံ ဘိုင်ရာ ငါးဖမ်းဆိပ်ကမ်း(Beira fishing port)စီမံကိန်းကို အောက်တိုဘာ ၂၈ ရက်က ယင်းနိုင်ငံ အစိုးရထံသို့ အောင်မြင်စွာလွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
မာပူတို၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) မိုဇမ်ဘစ်နိုင်ငံတစ်ဝန်း သဘာဝဘေးအန္တရာယ်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် ဆန် တန်ချိန် ၅,၇၀၀ ထောက်ပံ့ရန် တရုတ်နိုင်ငံက ကတိပြုထားသော သဘောတူညီချက်အား မိုဇမ်ဘစ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
မာပူတို၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) မိုဇမ်ဘစ်နိုင်ငံ မြောက်ပိုင်း ကာဘို ဒဲလ်ဂါဒိုပြည်နယ်တွင် ဖေဖော်ဝါရီလ ၇ ရက် အစောပိုင်းက လက်နက်ကိုင် အမျိုးသားများက လူ ၇ ဦးအား ခေါင်းဖြတ်သတ်ခဲ့သလို မိန်းကလေးငယ် ၃ ဦးကို ပြန်ပေးဆွဲသွားခဲ့ကြောင်း နိုင်ငံပိုင် ရေဒီယိုဌာနဖြစ်သော ရေဒီယို...
မာပူတို၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) မိုဇမ်ဘစ်နိုင်ငံ အလယ်ပိုင်းနှင့် နယ်စပ် ဇင်ဘာဘွေနိုင်ငံတို့တွင် ဒီဇင်ဘာလ ၂၂ ရက်က အင်အား ၅.၅ မဂ္ဂနီကျုရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေး သတိပေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုစနစ်၏ ဝက်ဘ်ဆိုက်သတင်းအရ သိရသည်။
မာပူတို၊ မတ် ၂၅ ရက် (ဆင်ဟွာ) မိုဇမ်ဘစ်နိုင်ငံ မြောက်ဘက်စွန်း Cabo Delgado ပြည်နယ် Mocimboa da Praia ဆိပ်ကမ်းမြို့တွင် ဆူပူအုံကြွသူများနှင့် ဆက်သွယ်မှုရှိကြောင်း စွပ်စွဲခံရသူ ၂၉ ဦးအား မတ်လ ၂၄ ရက်က နမ်ပူလာပြည်နယ် ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ကြောင်း သိရသည်။
ကမ်ဘာရာ ၊ ဧပြီ ၂ဝ ရက် ( ဆင်ဟွာ ) မိုဇမ်ဘစ်နိုင်ငံ ကမ်းခြေတွင် ရှာဖွေတွေ့ရှိခဲ့သော လေယာဉ်ပျက် အပိုင်းအစများသည် ပျောက်ဆုံးနေသော မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်အမှတ် MH370 လေယာဉ်၏ အပိုင်းအစများ ဖြစ်သည်ဟု နည်းပညာပိုင်း ဆိုင်ရာ စုံစမ်း စစ်ဆေးမှု ပြုလုပ်ပြီးနောက်...