ရန်ကုန် ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၌ အိမ်ရှင် အဖြစ် နိုဝင်ဘာလ ၁၇ ရက် မှ ၂၁ ရက် အထိ လက်ခံ ကျင်းပမည့် (၁၃) ကြိမ်မြောက် အေဆမ်(အာရှ-ဥရောပ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်မှုများအား...
တာ့နန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ၂ဝ၁၇ ခုနှစ် အာရှ ပစိဖိတ်ဒေသစီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC အစည်းအဝေး လက်ခံကျင်းပမည့် Vietnam နိုင်ငံ Da Nang မြို့၏ လှပမှုပုံရိပ်များကို ရိုက်ကူးထားခြင်းဖြစ်သည်။ အဆိုပါ APEC အစည်းအဝေးကို နိုဝင်ဘာလ ၆ ရက်နေ့မှ ၁၁...
မော်စကို၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့တွင် Rostec Corporation နှင့် TSNIITOCHMASH သုတေသနစင်တာတို့ပူးပေါင်းကာ ပေါက်ကွဲမှုများကိုခံနိုင်ရည်ရှိသည့်ဝတ်စုံတစ်မျိုးကို စမ်းသိပ်တီထွင်ထားကြောင်းသိရသည်။ ထိုဝတ်စုံကို အလွန်ပြင်းထန်သည့်အပူဒဏ်ကိုခံနိုင်ရည်ရှိကာအလွန်ခိုင်ခံ့မှုရှိသည့် aramid အစဖြင့် ချုပ်လုပ်ထားသည်။ မီးကူးစက်မှုမရှိစေရန်ဆောင်ရွက်ထားပြီးဝတ်ဆင်သူအားသက်တောင့်သက်သာဖြစ်စေရန် အထူးဒီဇိုင်းထုတ်လုပ်ထားကာ ၂ဝ၂ဝ ခုနှစ်အရောက်တွင် တွင်ကျယ်စွာသုံးစွဲနိုင်မည်ဖြစ်ကြောင်းမျှော်လင့်ထားသည်။ (Xinhua)
ဟူစတန် ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ) တက္ကဆက်ပြည်နယ် Sutherland Springs ရှိ ခရစ်ယာန်ဘုရားရှိခိုကျောင်းတစ်ခု၌ နိုဝင်ဘာလ ၅ ရက် (တနင်္ဂနွေနေ့ဝတ်ပြုချိန်) တွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ယခုလက်ရှိအချိန်အထိရရှိထားသော သတင်းများအရ လူပေါင်း ၂၇ ဦးအထိသေဆုံးသွားပြီဖြစ်ကြောင်း တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott က...
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) မုံရွာ- ပုလဲ- ဂန့်ဂေါ- ဟားခါး- ကလေးကားလမ်းတွင် အသစ်ဆောက်သည့် မြစ်သာမြစ်ကူး စိုင်ဒူးတံတားအား မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရန်ကုန်ဘူတာကြီး၌ ခရီးသွားပြည်သူများကို ဝန်ဆောင်မှုပေးသည့်အ နေဖြင် ပလက်ဖောင်း စြင်္က (၁)တွင် အခမဲ့ ဖုန်းအားသွင်းကောင်တာတစ်ခုကို နိုဝင်ဘာဒုတိယပတ်တွင် ထပ်မံထား ရှိပေးမည်ဖြစ်ကြောင်း မြန်မာ့ မီးရထား တိုင်းအမှတ်(၇)သွားလာရေးဌာန တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။
ပေကျင်း ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်းမြို့ရှိ မြို့တော်ကားပါကင်(ယာဉ်ရပ်နားနေရာ) ပြဿနာကို အဖြေရှာရန် နိုဝင်ဘာ ၅ ရက်တွင် နိုင်ငံပိုင် ကုမ္ပဏီ ၄ ခုမှ အတူတကွ ပူးပေါင်းပြီး ကုမ္ပဏီသစ်တစ်ခုကို စတင် တည်ထောင်လိုက်ကြောင်း သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံသို့ နိုဝင်ဘာလ ၁၀ ရက်မှ ၁၄ ရက်အထိ သွားရောက်မည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနမှ နိုဝင်ဘာလ၃ ရက်တွင် ကြေညာလိုက်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) တရားမဝင် သယ်ဆောင်လာသော အရွယ်စုံကျောက်စိမ်းတုံး (၃၀)တုံး(၇၇.၀၈)ကီလိုခန့်အား တာကော်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ကာဂျစ်စတန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ကာဂျစ်စတန်နိုင်ငံ တောင်ပိုင်း ဒေသတွင် ကားတစ်စီး နှင့် ထရပ်ကားတစ်စီး အပြင်းအထန် တိုက်မိရာ လူ ၁၀ဦးသေဆုံးခဲ့ကြောင်း အရေးပေါ်အခြေအနေဝန်ကြီးဋ္ဌာန၏ သတင်းဋ္ဌာနက နိုဝင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။