ရီယတ်ဒ် ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ) ဆော်ဒီအာရေးဗီးယားနိုင်ငံ နယ်စပ်မြို့ဖြစ်သော Asir မြို့အနီး၌ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် ဆော်ဒီမင်းသား Mansoor bin Mogren သေဆုံးသွားကြောင်း နှင့် မင်းသားနှင့်အတူအခြား အစိုးရအရာရှိများလည်း ရဟတ်ယာဉ်ပျက်ကျမှုတွင် ပါဝင်ကြောင်း Al Akhbariya ဒေသတွင်း မီဒီယာက အတည်ပြုဖော်ပြခဲ့သည်။
ဟူစတန် ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ) တက္ကဆက်ပြည်နယ် Sutherland Springs ရှိ ခရစ်ယာန်ဘုရားရှိခိုကျောင်းတစ်ခု၌ နိုဝင်ဘာလ ၅ ရက် (တနင်္ဂနွေနေ့ဝတ်ပြုချိန်) တွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူပေါင်း ၂၆ ဦးသေဆုံးသွားကြောင်း တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott က ပြောကြားခဲ့သည်။
လာဆာ၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွင် ၎င်း၏ ပထမဆုံး နှင့် ကမ္ဘာ့အမြင့်ဆုံး နက္ခတာရာစခန်းအား ၂၀၁၈ခုနှစ်တွင် စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။
ရန်ကုန် ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ) ကျောက်ဖြူမြို့၊ မြစ်နားတန်းရပ်ကွက်၌ ယနေ့နိုဝင်ဘာ ၅ ရက် ၊ နံနက် ၁ နာရီခွဲ အချိန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ငါးပုဇွန် အဝယ်ဒိုင်(၁၁)ဒိုင်၊ လူနေအိမ် (၁၆)လုံး၊ လူဦးရေ (၇၀) အိုးမဲ့ အိမ်မ ဲ့ဖြစ်ခဲ့ရပြီး...
ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် သည် ဖိလစ်ပိုင်နိုင်ငံ သို့ သွားရောက်လည်ပတ်ပြီး မြို့တော် မနီလာမြို့တွင် နိုဝင်ဘာ ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပပြုလုပ်မည့် ၁၂ကြိမ်မြောက် အရှေ့အာရှထိပ်သီးညီလာခံ အဆင့်မြင့် အစည်းအဝေးပွဲများသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆာနား၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံမှ ရှီယိုက် ဟူသီသူပုန်များသည် ဆော်ဒီနိုင်ငံမြို့တော် ရီယာ့ဒ်မြို့ ရှိ ဘုရင်ခါလဒ် အပြည်ပြည်ဆိုင်ရာလေဆိပ်အား နိုဝင်ဘာ ၄ ရက် ညပိုင်းက တာဝေးပစ်တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း ဟူသီသူပုန်ပိုင် ဆာဘား သတင်းဋ္ဌာနကဖော်ပြခဲ့သည်။
ရန်ကုန် ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ) အပတ်စဉ် စနေ-တနင်္ဂနွေ နေ့များတွင် ရန်ကုန်မြို့သိမ်ဖြူလမ်း၌ ဖွင့်လှစ် ရောင်းချခဲ့သည့် စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်း(Yangon Books Street) အား နိုဝင်ဘာ ၁၁ ရက်မှ စတင်ကာ ပြန်လည် ဖွင့်လှစ် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ...
ဟနွိုင်း၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဒေသတွင် နိုဝင်ဘာလ ၄ ရက် နံနက်ပိုင်းက တိုက်ခတ်ခဲ့သော Damrey တိုင်ဖွန်းမုန်တိုင်းကြောင့် လူ ၁၁ ဦး သေဆုံးပြီး လူများစွာ ပျောက်ဆုံးလျက်ရှိကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) တွန်ဂါနိုင်ငံ Hihifo ကျေးရွာ အရှေ့မြောက်ဘက် ၁၃၈ ကီလိုမီတာအကွာ၌ အင်အား ၆.၉ ရစ်ချ်တာစကေးရှိသော အင်အားပြင်း ငလျင်တစ်ခု ယနေ့ (နိုဝင်ဘာလ ၄ ရက်) လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ စစ်တမ်းက ပြောကြားခဲ့သည်။