ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ) မြန်မာမီဒီယာနယ်ပယ်ရှိ စာနယ်ဇင်းသမားများ တိုးတက် ပြောင်းလဲလာသည့် ICT နည်းပညာများနှင့် ပတ်သက်၍ ပိုမို ကျယ်ပြန့်စွာ သိရှိနိုင်စေရန် ရည်ရွယ်ကာ Huawei မှ နည်းပညာဆွေးနွေးပွဲများကို ယခုလတွင် စတင် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မော်စကို၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ၏ အာတိတ် နိုဗာရာ ဇမ်လျာကျွန်းစုပေါ်တွင် ပိုလာဝက်ဝံများ ဝင်ရောက်လာပြီးနောက် အရေးပေါ်အခြေအနေ ၁၀ ရက် ကြေညာထားခြင်းကို ရုပ်သိမ်းလိုက်ကြောင်း အာခန်ဂယ်လ်ဆတ်ဒေသ အုပ်ချုပ်ရေးမှူး ပြန်ကြားရေးရုံးက ဖေဖော်ဝါရီလ ၁၉ ရက်၌ ပြောကြားလိုက်သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ) ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အကုန်တွင် ရန်ကုန်-မော်လမြိုင်လမ်း၌ ခေတ်မီ ရထား စက်ခေါင်းများ အသုံးပြု ပြေးဆွဲပေးရန် စီစဉ်လျက်ရှိသည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက အမျိုးသား လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
တိုကျို၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ဂျပန်ဂျက်တိုက်လေယာဉ် တစ်စင်းသည် ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက လေ့ကျင့်ပျံသန်းမှု တစ်ခု ပြုလုပ်နေစဉ်အတွင်း ပျက်ကျခဲ့သော်လည်း လေယာဉ်ဝန်ထမ်း ၂ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
အော့တိုဝါ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ Halifax မြို့တွင် ဖေဖော်ဝါရီ ၁၉ ရက် အစောပိုင်းက နေအိမ်တစ်လုံးမီးလောင်မှုကြောင့် ကလေးငယ် ၇ဦးသေဆုံးသွားခဲ့ကြောင်း CBC သတင်းဌာနက ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်း၊ HONDA(Myanmar) အထပ်သားစက်ရုံ မီးလောင်မှုကြောင့် ဖေဖော်ဝါရီ ၂၀ရက်ထိ လူ ၆ဦးသေဆုံးကာ ၁၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ကာရာကပ်စ်၊ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ) ဗင်နီဇွဲလား စစ်ဘက်ဆိုင်ရာက ပြည်ပအင်အားစုများ၏ အမိန့်ကို ဘယ်တော့မှ လက်ခံမည် မဟုတ် ကြောင်း ဗင်နီဇွဲလား ကာကွယ်ရေး ဝန်ကြီး Vladimir Padrino Lopezက ဖေဖော်ဝါရီ ၁၉ ရက်တွင် အလေးအနက်ထားပြောကြားခဲ့သည်။
ပါရီ ၊ ဖေဖော်ဝါရီ ၂ဝ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံတောင်ပိုင်း မာဆေးလ်မြို့၌ ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက လမ်းသွားလမ်းလာများအား ဓားဖြင့် လိုက်လံတိုက်ခိုက်သူတစ်ဦးကို ရဲတပ်ဖွဲ့က အသေပစ်သတ်ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင် Info ရေဒီယိုက သတင်းဖော်ပြခဲ့သည်။
ဆန်းကျန့်၊ ဖေဖော်ဝါရီ ၂ဝ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်းရှိ နည်းပညာမြို့တော်ကြီးဖြစ်သော ဆန်းကျန့်မြို့(Shenzhen) ၌ ၂ဝ၁၉ ခုနှစ်အတွင်း 5G ကွန်ရက်နည်းပညာ စီးပွားဖြစ် အသုံးပြုမှုအတွက် ကနဦးရှေ့ပြေးစီမံကိန်းကို စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက ဆိုသည်။
ဂျာကာတာ၊ ဖေဖော်ဝါရီ ၂၀ (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း North Maluku ပြည်နယ်တွင် ဖေဖော်ဝါရီ ၂၀ ရက် အစောပိုင်းက အင်အား ၅.၉ ရစ်ချ်တာစကေး ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသ နှင့် ဘူမိရူပဌာနက ပြောကြားခဲ့သည်။ (Xinhua)