Connect with us

Africa & Middle East

နှစ်နိုင်ငံဆက်ဆံရေးပိုမိုအားကောင်းလာစေရန် အီဂျစ်သမ္မတ ဆော်ဒီအာရေဗျနိုင်ငံသို့ အလည်အပတ် သွားရောက်

အီဂျစ်နိုင်ငံ သမ္မတ အဗ္ဗဒူလ် ဖတ်တာ အယ်လ်စီစီ (ဝဲ) နှင့် ဆော်ဒီအာရေဗျနိုင်ငံဘုရင် ဆော်လ်မန်ဘင်အဗ္ဗဒူလာဇဇ် တို့ ရီယာ့ဒ်မြို့၌ ဧပြီ ၂၃ ရက်နေ့ ကတွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

ရီယာ့ဒ်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ သမ္မတ အဗ္ဗဒူလ် ဖတ်တာ အယ်လ်စီစီ သည် အဆင့်မြင့်အရာရှိကြီးများလိုက်ပါလာသော ကိုယ်စားလှယ်အဖွဲ့ နှင့် အတူ ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့သို့ ဧပြီ ၂၃ ရက် က တရားဝင်ခရီးစဉ် ရောက်ရှိလာခဲ့ကြောင်း Al Arabiya ပြည်တွင်းသတင်းစာ ကဖော်ပြခဲ့သည်။

၎င်းအား ဆော်ဒီအာရေဗျနိုင်ငံဘုရင် ဆော်လ်မန်ဘင်အဗ္ဗဒူလာဇဇ် က လေဆိပ်တွင် ကြိုဆိုခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် အီဂျစ်-ဆော်ဒီ ထိပ်သီးညီလာခံသို့ တက်ရောက်သွားမည်ဟု ခန့်မှန်းရပြီး ယင်းညီလာခံ၌ နှစ်နိုင်ငံ အကြားဆက်ဆံရေး ပိုမိုအားကောင်းလာစေရန် ဆွေးနွေးသွားမည့်အပြင် ဒေသတွင်း နှင့် နိုင်ငံတကာအရေးများ အထူးသဖြင့် အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေးတို့ကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အီဂျစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sameh Shoukry က ညီလာခံတွင် အရှေ့အလယ်ပိုင်းဒေသအပေါ် စိုးရိမ်မှုပိုစေသည့် အမေရိကန်နိုင်ငံ၏ မူဝါဒအသစ်များ၊ ဒေသတွင်း စိန်ခေါ်မှုများ နှင့် ပတ်သက်၍ ဆွေနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117