Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ ထျန်းကျင်း ပေါက်ကွဲမှု အတွက် သံသယရှိသူ ၁၂ ဦးကို ထိန်းသိမ်းထား

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ထျန်းကျင်း ဆိပ်ကမ်းအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

ထျန်းကျင်းမြို့တွင် လူ ၁၃၉ ဦး သေဆုံးခဲ့ပြီး ဆိပ်ကမ်း တစ်ခုလုံး အကြီးအကျယ် ပျက်စီးခဲ့ရသော ဆိပ်ကမ်း ပေါက်ကွဲမှုတွင် သံသယရှိသူ ၁၂ ဦးအား ထိန်းသိမ်းထားကြောင်း ပြည်သူ့လုံခြုံရေး ဝန်ကြီးဋ္ဌာနက ကြာသပတေးနေ့ တွင် ပြောကြားလိုက်သည်။

ထို ၁၂ ဦးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ဂိုဒေါင်ပိုင်ရှင် ကုမ္ပဏီဖြစ်သော ထျန်းကျင်း International Ruihai Logistics ကုမ္ပဏီ၏ ဥက္ကဋ္ဌ Yu Xuewei, ဒုတိယ ဥက္ကဋ္ဌ Dong Shexuan နှင့် Ruihai ကုမ္ပဏီ လုပ်ကိုင်ခွင့် ရရှိအောင် တရားမဝင် ကူညီခဲ့ကြောင်း သံသယ ရှိသည့် လုံခြုံရေးဆိုင်ရာ အကဲဖြတ်ပေးသော ကုမ္ပဏီ၏ ဝန်ထမ်း Zeng Fanqiang တို့ ပါဝင်ကြောင်း သိရသည်။

စုံစမ်းစစ်ဆေး ခံရသူများထဲတွင် ထျန်းကျင်း စည်ပင်သာယာ သယ်ယူပို့ဆောင်ရေး ကော်မရှင် ခေါင်းဆာင် Wu Dai နှင့် ထျန်းကျင်း ဆိပ်ကမ်း(အဖွဲ့) ကုမ္ပဏီ လီမိတက် ဥက္ကဋ္ဌ Zheng Qingyue တို့လည်း ပါဝင်သည်။

ပို့ဆောင်ရေးဝန် ကြီးဋ္ဌာန အကြီးတန်း အရာရှိ Wang Jinwen သည်လည်း စွမ်းအင် အလွဲသုံးစားပြုမှုတွင် သံသယ ရှိသောကြောင့် စုံစမ်း စစ်ဆေးခံရ လျက်ရှိ ပါသည်။

စုံစမ်း စစ်ဆေးမှုအရ Wang Jinwen သည် ဥပဒေ ချိုးဖောက်၍ Tianjin Ruihai International Logistics ကုမ္ပဏီ အား လုံခြုံရေး ဆိုင်ရာ အကဲဖြတ်မှု အောင်မြင်ရန်နှင့် ဂိုဒေါင်အတွင်း အန္တရာယ်ရှိသော ဓာတုပစ္စည်းများ၊ ကုန်စည်များ သိုလှောင် ခွင့်ပြုခဲ့ကြောင်း တွေ့ရှိခဲ့သည်။

ထျန်းကျင်း အကောက်ခွန်ပိုင် ဧရိယာရှိ အကောက်ခွန် ဝန်ထမ်းများသည်လည်း Ruihai ကုမ္ပဏီမှ လုပ်ကိုင်နေသော တရားမဝင် အန္တရာယ်ရှိသော ဓာတုပစ္စည်း လုပ်ငန်းအား ကြီးကြပ်မှုတွင် တာဝန်ယူမှု အားနည်း ခဲ့ကြောင်း၊ အကောက်ခွန် ရှင်းလင်းရေး ခွင့်ပြုမိန့် တရားမဝင် ထုတ်ပေးခြင်းနှင့် တရားမဝင် စီးပွားရေး လုပ်ဆောင်မှုများအတွက် ခွင့်ပြုပေးခြင်းစသည့် ကိစ္စများတွင် ပါဝင် ပတ်သက်မှု ရှိကြောင်း သတင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

Ruihai ကုမ္ပဏီ၏ အထွေထွေ မန်နေဂျာ Zhi Feng နှင့် လက်ထောက် မန်နေဂျာ Shang Qingsen တို့လည်း နေအိမ်တွင် စောင့်ကြည့်ခံထား ရကြောင်း သိရပါသည်။

ဆိုဒီယမ် ဆိုင်ရာနိုက် တန် ၇၀၀ ဝန်းကျင် အပါအဝင် အဆိပ်ရှိ ဓာတုပစ္စည်းများ သိုလှောင်ထားသော ထျန်း ကျင်းမြို့ဆိပ်ကမ်းရှိ ဂိုထောင် တစ်ခုမှ သြဂုတ်လ ၁၂ ရက် ည ၁၁း၃၀ နာရီ အချိန်က ကြီးမားသော ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၁၃၉ ဦး သေဆုံးခဲ့ပါသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117