Connect with us

Media

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် မြန်မာနိုင်ငံ သို့ ခရီးသွားဧည့်သည်ဝင်ရောက်မှု ၄၈၄ ရာခိုင်နှုန်း တိုးလာ

ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် စုစုပေါင်း ၄၅၅,၃၀၁ ဦး ဝင်ရောက်ခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၈၄ ရာခိုင်နှုန်း တိုးလာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှမြင့်က ဆင်ဟွာသို့ပြောသည်။

မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှုမှာ တစ်နှစ်ထက်တစ်နှစ် သိသိသာသာ တိုးလာ သည်ဟု တရားဝင်ကိန်းဂဏန်းများက ဖော်ပြထားပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီနှင့် ဇွန်လအတွင်း ခရီးသွား ဧည့်သည် ၇၇,၉၄၃ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။

“COVID-19 နဲ့ပတ်သက်ပြီးဖြေလျှော့မှုတွေ လုပ်တဲ့ အတွက် မြန်မာနိုင်ငံကို ဝင်ရောက်တဲ့ ခရီးသွားဧည့်သည်တွေက ပိုပိုတိုးလာပါတယ်။သက်ဆိုင်ရာဝန်ကြီးဌာနတွေ အလိုက်လည်း မြန်မာနိုင်ငံရဲ့ ဖြေလျှော့မှုတွေကို နိုင်ငံတကာသိအောင် ဆောင်ရွက်နေကြပါတယ်။
နောက်လတွေမှာလည်း နိုင်ငံခြားသားခရီးသွားဧည့်သည်တွေ ပိုမို ဝင်ရောက်မယ်လို့မျှော်လင့်ပါတယ်” ဟု ဦးလှမြင့်ကပြောသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117