Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံ နာမည်ကျော် အန်ကောဥယျာဉ်က ပထမ ၇ လအတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၀.၃ သန်း ရရှိ

ကမ္ဘောဒီးယားနိုင်ငံ Siem Reap ပြည်နယ်၊ အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်ရှိ အန်ကောဝပ် ဘုရားကျောင်းသို့ လာရောက်ကြသော ခရီးသွားဧည့်သည်များကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်က ၂၀၂၃ ခုနှစ် ပထမ ၇ လအတွင်း လက်မှတ်ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၂၀.၃ သန်း ရရှိခဲ့ရာ ယမန်နှစ် အလားတူကာလက ရရှိခဲ့သော ဒေါ်လာ ၃.၃၇ သန်းထက် ၅၀၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း အန်ကောဥယျာဉ်သို့ နိုင်ငံတကာခရီးသွားဧည့်သည် ၄၃၉,၃၆၅ ဦး ဝင်ရောက်ခဲ့ကြောင်း၊ ယခင်နှစ် ကာလတူက ၈၃,၈၅၄ ဦး ဝင်ရောက်ခဲ့ခြင်းနှင့် နှိုင်းယှဉ်ပါက ၄၂၄ ရာခိုင်နှုန်း တိုးတက်လာသည်ဟု နိုင်ငံပိုင် Angkor Enterprise ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

အဆိုပါ ရှေးဟောင်းနယ်မြေသို့ လာရောက်လည်ပတ်ကြသော ထိပ်တန်း နိုင်ငံငါးနိုင်ငံမှာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တောင်ကိုရီးယားနှင့် တရုတ် နိုင်ငံများဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။

ယခုနှစ်အစောပိုင်း၌ တရုတ်နိုင်ငံ၏ ပြန်လည်ဖွင့်လှစ်ခြင်းက အန်ကောဥယျာဉ်သို့ ခရီးသွားဝင်ရောက်မှု တိုးတက်ခြင်းကို မြှင့်တင်ပေးခဲ့ခြင်းဖြစ်သည်ဟု ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Top Sopheak က ပြောကြားခဲ့သည်။
Siem Reap ပြည်နယ်တွင် တည်ရှိပြီး ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) စာရင်းသို့ ၁၉၉၂ ခုနှစ်တွင် ထည့်သွင်းခဲ့သော အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်သည် ကမ္ဘောဒီးယားနိုင်ငံရှိ ထင်ရှားကျော်ကြားမှုအရှိဆုံး ခရီးသွားနေရာဖြစ်သည်။ (Xinhua)

 

………………………………
(English Version)
Cambodia’s famed Angkor makes 20.3-mln-USD revenue in first 7 months

PHNOM PENH, Aug. 5 (Xinhua) — Cambodia’s famed Angkor Archeological Park earned 20.3 million U.S. dollars from ticket sales in the first seven months of 2023, up 502 percent from 3.37 million dollars in the same period last year, said a report on Friday.
The Angkor attracted 439,365 international tourists during the January-July period this year, up 424 percent from 83,854 in the same period last year, said the state-owned Angkor Enterprise’s report.
The top five source markets to the ancient site were the United States, Britain, France, South Korea and China, the report added.
Cambodian Ministry of Tourism’s Spokesman Top Sopheak said China’s reopening earlier this year has given a boost to the growth of tourists to the Angkor.
Located in northwest Siem Reap province, the Angkor Archeological Park, inscribed on the World Heritage List of the United Nations Educational, Scientific and Cultural Organization (UNESCO) in 1992, is the most popular tourist destination in the Southeast Asian kingdom.
Photo: Tourists visit the Angkor Wat in the Angkor Archaeological Park in Siem Reap province, Cambodia, Dec. 17, 2022. (Photo by Van Pov/Xinhua)