Connect with us

Media

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်း Doksuri ကြောင့် မိုးသည်းထန်စွာရွာသွန်းမှုကို ရင်ဆိုင်ကျော်ဖြတ်လျက်ရှိ

ဟာအယ်ပင်း၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၌ လွန်ခဲ့သောရက်များအတွင်း တိုင်ဖွန်းမုန်တိုင်း Doksuri ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လယ်ကွင်းများ ရေနစ်မြုပ်ခြင်းနှင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ကယ်ဆယ်ရေးသမားများက သဘာဝဘေးအန္တရာယ် ထိန်းချုပ်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျီလင်ပြည်နယ်တွင်လည်း ရေနစ်မြုပ်နေသော လယ်ယာမြေများမှ ရေများဖောက်ထုတ်ရန် အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။

ထို့ပြင် ယင်းပြည်နယ်ရှိ ဒေသအချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လျှပ်စစ်မီးများပြတ်တောက်သွားခဲ့ရာ လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
NE China braces heavy rainfall brought by Typhoon Doksuri
Heavy rainfall has lashed swathes of northeast China over the past several days, submerging farms and worsening floods as rescue workers scramble to contain the havoc caused by Typhoon Doksuri.
In Jilin Province, authorities have stepped up efforts to drain submerged farmlands.
Heavy rainfalls have also caused power outages in some areas of Jilin, as the grid personnel scrambled to restore power.