Connect with us

Media

မြန်မာနိုင်ငံသည် ခြောက်လနီးပါးကာလအတွင်း ပဲနှင့် ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၁၅ သန်းကျော်ဝင်ငွေရရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခြောက်လနီးပါးကာလအတွင်း ပဲနှင့် ပဲမျိုးစုံ ၈၆၃,၃၆၆ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၁၅.၀၁၁ သန်း ဝင်ငွေရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၁၂ ရက်ထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၂၉ ရက်အထိ ပဲနှင့် ပဲမျိုးစုံ တန်ချိန် ၇၃၃,၃၁၄ ကျော်ကို ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့ခဲ့ပြီး တန်ချိန် ၁၃၀,၀၅၂ ကျော်ကို နယ်စပ်မှတစ်ဆင့် တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။ မတ်ပဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၃၇ သန်းကျော် ဝင်ငွေရရှိကာ ပဲနှင့် ပဲမျိုးစုံ တင်ပို့မှုစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိပြီး ၎င်း၏နောက်တွင် ပဲတီစိမ်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၆၁ သန်းကျော်၊ ပဲစဉ်းငုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၄ သန်းကျော် ဝင်ငွေအသီးသီး ရရှိခဲ့ကြောင်း အချက်အလက်များအရ သိရသည်။ ပဲနှင့် ပဲမျိုးစုံသည် မြန်မာနိုင်ငံတွင် ဆန်ပြီးလျှင် ဒုတိယ အများဆုံး စိုက်ပျိုးသည့် သီးနှံဖြစ်ပြီး နိုင်ငံ၏ လယ်ယာထွက်ကုန် စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲနှင့် ပဲမျိုးစုံကို တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဥရောပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117