Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးအတွင်း စတုတ္ထအကြိမ်မြောက်ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆုတောင်းပွဲကျင်းပ


ရန်ကုန် အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း စတုတ္ထအကြိမ်မြောက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆုတောင်းပွဲကို ယနေ့ အောက်တိုဘာ ၃၁ရက်နေ့၌ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံသားအားလုံး အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ဘာသာပေါင်းစုံဆုတောင်းပွဲ ညနေ ၆နာရီကျော်တွင် ဘာသာကြီးငါးခုမှ ဖယောင်းတိုင်များ ထွန်းညှိပြီးဖွင့်လှစ်ပေးခဲ့ပြီး ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့မှ ပထမဆုံး ဆုတောင်းစကားပြောကြားကာ ခရစ်ယာန်ဘာသာအဖွဲ့ ၊မဟာယာနဗုဒ္ဓဘာသာအဖွဲ့ ၊အစ္စလာမ်ဘာသာအဖွဲ့၊ဟိန္ဒူဘာသာအဖွဲ့များကလည်း မေတ္တာစကားများ အသီးသီးပြောကြားကြသည်။အဆိုပါ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးကျင်းပခဲ့ပြီး ထေရဝါဒဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ မဟာယာနဗုဒ္ဓဘာသာ စသည့် ဘာသာကြီး ငါးခုတို့မှ တက်ရောက်ကြသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအမှာစကားပြောကြားနေစဉ် (ဆင်ဟွာ)

ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆုတောင်းပွဲကျင်းပစဉ် (ဆင်ဟွာ)

ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆုတောင်းပွဲကျင်းပစဉ် (ဆင်ဟွာ)

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တက်ရောက်ပြီး ကျေးဇူးတင် စကားပြောကြားခဲ့သည်။ယနေ့ ကျင်းပပြုလုပ်သော ဘာသာပေါင်းစုံဆွေးနွေးပွဲကို ဘာသာကြီးငါးခုမှ ပြည်သူများ သောင်းနှင့်ချီတက်ရောက်ခဲ့သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117