Connect with us

Politics, Law & Military

ကိုးကန့်ဒေသ တည်ငြိမ်စပြုလာပြီ ဟု မြန်မာစစ်ဘက် အရာရှိ ပြောကြား

တပ်မတော်သားနှင့် ပြည်သူများ လောက်ကိုင်မြို့တွင် သန့်ရှင်းရေး ပြုလုပ်နေစဉ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ဖေဖော်ဝါရီ ၁၇ ရက်တွင် အရေးပေါ်အခြေအနေအဖြစ် ကြေငြာခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ၏ အခြေအနေမှာ တည်ငြိမ်စ ပြုနေပြီ ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး က ဖေဖော်ဝါရီ ၂၁ ရက် က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကိုးကန့် ဒေသ တည်ငြိမ်အေးချမ်း စေရန် မြန်မာအစိုးရစစ်တပ် အနေဖြင့် လုံခြုံရေး အစီအမံများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောသည်။

ကိုးကန့်စစ်ပွဲကြောင့် တပ်မတော်သား ၅၄ ဦးကျဆုံးပြီး ၁၀၅ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း၊ ကိုးကန့် တပ်ဖွဲ့မှ ၇၂ ဦး ကျဆုံးခဲ့ကြောင်း ဆိုသည်။

အရေးပေါ်အခြေအနေ နှင့် စစ်အုပ်ချုပ်ရေး ကြေငြာ အပြီး လောက်ကိုင်အနီးတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့သည်။

ဖေဖော်ဝါရီ ၉ ရက်တွင် တိုက်ပွဲ အပြင်းအထန် စတင် ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ၁၅ ရက်အထိ ဖြစ်ပွားနေသော တိုက်ပွဲများတွင် အစိုးရဘက်မှ လေကြောင်းတိုက်ခိုက်မှု (၅) ကြိမ် ရှိခဲ့ကြောင်း ၎င်းက ပြောသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117