Connect with us

Africa & Middle East

အစ္စရေးသို့ ပဲ့ထိန်းဒုံးကျည် ဒါဇင်နှင့်ချီ ပစ်လွှတ်ခဲ့ကြောင်း အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ပြောကြား

အစ္စရေးလေကြောင်းရန်ကာကွယ်ရေးစနစ်က ကြားဖြတ်ဟန့်တားသည့် ဒုံးကျည်များ ဂျေရုဆလမ်မြို့ အထက်ကောင်းကင်တွင် ဖြတ်သန်းသွားသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)
အစ္စရေး၏ လှုပ်ရှားမှုများကို လက်တုံ့ပြန်ရန်အတွက် အီရန် အစ္စလာမ်မစ်တော်လှန်းရေးအစောင့်တပ် (IRGC) အနေဖြင့် မကြာသေးမီက အစ္စရေးနယ်နိမိအတွင်းရှိ အရေးကြီး စစ်ရေးနှင့် လုံခြုံရေးပစ်မှတ်များကို ပဲ့ထိန်းဒုံးကျည် ဒါဇင်နှင့်ချီ ပစ်လွှတ်ခဲ့ကြောင်း အီရန် အစ္စလာမ်မစ်တော်လှန်းရေးအစောင့်တပ် (IRGC) က အောက်တိုဘာ ၁ ရက် ညပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယခုအကြိမ် ဒုံးကျည်တိုက်ခိုက်မှုမှာ 《ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း》မှ ပေးအပ်သည့် အီရန်၏ တရားဝင် မိမိကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်အရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ဤတစ်ကြိမ်လှုပ်ရှားမှုမှာ အီရန် ထိပ်တန်း အမျိုးသားလုံခြုံရေးကောင်စီ (SNSC) ၏ ခွင့်ပြုချက်ကို ရရှိခဲ့ပြီး အီရန် လက်နက်ကိုင်တပ်ဖွဲ့ စစ်ဦးစီးချုပ်ရုံး၏ ညွှန်ကြားမှုဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအကြိမ်လှုပ်ရှားမှုမှာ အစ္စရေးက ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ခေါင်းဆောင် Haniyeh ကို လုပ်ကြံသတ်ဖြတ်မှုတွင် အီရန်၏နယ်မြေပိုင်နက်ပြည့်စုံမှုကို ကျူးကျော်ထိပါးဖြစ်ခြင်း၊ အမေရိကန်၏ ထောက်ခံအားပေးမှုဖြင့် လက်ဘနွန်နှင့် ပါလက်စတိုင်းပြည်သူများအား အကြီးအကျယ် သတ်ဖြတ်ခြင်း၊ လက်ဘနွန်တွင် ဟစ်ဇ်ဘိုလာခေါင်းဆောင် Hassan Nasrallah နှင့် အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ် အဆင့်မြင့်အရာရှိ Abbas Nilforoushan ကို သတ်ဖြတ်ခဲ့ခြင်းအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ အကယ်၍ အီရန်၏လှုပ်ရှားမှုအပေါ် အစ္စရေးက စစ်ရေးအရ တန်ပြန်မည်ဆိုပါက အစ္စရေးအနေဖြင့် “ကျေမွပျက်သုဉ်းမည့် တိုက်ခိုက်မှု” ကို ရင်ဆိုင်ရလိမ့်မည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အီရန် အရပ်ဘက်လေကြောင်းအဖွဲ့အစည်း ပြောရေးဆိုခွင့်ရှိသူက ဒေသတွင်းအခြေအနေနှင့် ဒုံးကျည်တိုက်ခိုက်မှုကြောင့် အောက်တိုဘာ ၂ ရက် နံနက် ၁၀ နာရီမတိုင်မီ လေကြောင်းလိုင်းအားလုံးကို ဖျက်သိမ်းကြောင်း အောက်တိုဘာ ၁ ရက် ညပိုင်းတွင် ကြေညာခဲ့သည်။

အစ္စရေးအား အီရန် တိုက်ခိုက်မှုအပေါ် ဟားမက်စ်က အောက်တိုဘာ ၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ရာ အီရန်၏လှုပ်ရှားမှုမှာ ပါလက်စတိုင်းနှင့် လက်ဘနွန် ပြည်သူများအပေါ် အစ္စရေး၏ “ကျူးကျော်မှု” ကို တုံ့ပြန်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “၎င်းတို့၏ ပြစ်မှု၊ မာနထောင်လွှားမှု၊ နိုင်ငံတကာဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဝါဒ သတ်မှတ်ချက်များကို ချိုးဖောက်သည့် လုပ်ရပ်သည် စည်းအားလုံးကို ကျော်လွန်နေပြီဖြစ်သည်” ကို ဤတုံ့ပြန်မှုက အစ္စရေးအစိုးရထံသို့ ပြင်းထန်သည့်သတင်းစကားပေးလိုက်ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။ (Xinhua)


………………………….
(Chinese Version)
伊朗革命卫队:已向以色列发射数十枚弹道导弹
新华社德黑兰10月1日电(记者陈霄 沙达提)伊朗伊斯兰革命卫队1日晚发表声明说,伊朗革命卫队航空部队刚刚向以色列境内的重要军事和安全目标发射了数十枚弹道导弹,以报复以色列的一系列行动。
声明说,这次导弹袭击是根据《联合国宪章》赋予伊朗的合法自卫权发动的。此次行动获得伊朗最高国家安全委员会批准并在伊朗武装部队总参谋部的指示下进行。
声明说,此次行动是为了报复以色列在暗杀巴勒斯坦伊斯兰抵抗运动(哈马斯)领导人哈尼亚过程中侵犯伊朗领土完整,在美国支持下大规模杀害黎巴嫩和巴勒斯坦人民,并在黎巴嫩杀害真主党领导人纳斯鲁拉和伊朗伊斯兰革命卫队高级将领尼尔福鲁尚。如果以色列对伊朗的行动做出军事反应,以方将面临“毁灭性的攻击”。
伊朗民航组织发言人1日晚宣布,鉴于地区局势和可能的导弹袭击,伊朗取消全国2日上午10时前所有航班。
哈马斯1日晚在伊朗袭击以色列后发表声明说,伊朗的行动是回应以色列对巴勒斯坦和黎巴嫩人民的“侵略”。这一回应向以色列政府发出强烈信息,“他们的罪行、傲慢以及违反国际法和人道主义准则的行为已经超越了所有界限”。(完)
1. 10月1日,以军防空系统拦截的发射物从耶路撒冷上空飞过。