Connect with us

Africa & Middle East

အာဖဂန်မြို့တော် တွင် အသေခံ ဗုံးဖောက်ခွဲမှုများကြောင့် သေဆုံးသူ ၂၃ဦးအထိ မြင့်တက်လာ

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့တွင် ယခင်က ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့ အလယ်ပိုင်း သံတမန်ရပ်ကွက်တစ်ခုတွင် ဧပြီ ၃၀ ရက် နံနက်ပိုင်းက အသေခံဗုံးဖောက်ခွဲမှု ၂ခုဖြစ်ပွားခဲ့ရာ အသေခံဗုံးခွဲသမား ၂ဦးအပါအဝင် သေဆုံးသူ အနည်းဆုံး ၂၃ဦးအထိ ရှိလာပြီး အခြားလူ ၂၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

နောက်ဆုံးရရှိသည့် ကိန်းဂဏန်းများအရ ဧပြီ ၃၀ ရက် နံနက်ပိုင်း ဗုံးပေါက်ကွဲမှုများကြောင့် လူ ၂၁ဦး သေဆုံးပြီး အခြားလူ ၂၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။အသေခံဗုံးခွဲသမား ၂ဦးမှာ အခင်းဖြစ်ပွားရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117