Connect with us

Africa & Middle East

အမေရိကန်က အစ္စရေးနှင့် ပူးပေါင်းပြီး အီရန်ကို တားဆီးမှုများပြုလုပ်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး Mike Pompeoနှင့် အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ဂျေရုဆလင် ၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ)

အမေရိကန်က အစ္စရေးကဲ့သို့ အင်အားကြီးမဟာမိတ်နှင့် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုများကို နီးနီးကပ်ကပ်ဆောင်ရွက်သွားပြီး အီရန်ကို တားဆီးမှုများပြုလုပ်လိုကြောင်း အစ္စရေးနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Mike Pompeoက ဧပြီလ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်က အီရန်ပြဿနာများကို ဖြေရှင်းရန် ဘက်စုံမဟာဗျူဟာများ ရှိကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeoက အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ ကြောင်း သိရသည်။ အမေရိကန်က နျူကလီးယားပြဿနာအပြင် အခြား အီရန်၏ ဒုံးကျည်စနစ်၊ လက်ဘနွန် Hezbollah ၊ ယီမင်ဟူသီ(Houthis)လက်နက်ကိုင်များကို ထောက်ခံအားပေးနေခြင်းနှင့် ဆီးရီးယားအရေးကိစ္စ ကို ဝင်ရောက်စွက်ဖက်ခြင်းစသည့် ပြဿနာများကို ကြိုးစားဖြေရှင်းနေရသည်။ အီရန် နျူကလီးယားအရေးပိတ်စို့မှု ကင်းလွတ်ခွင့်ကာလကို နောက်ဆုံးအနေနှင့်တိုးမြှင့်ထားခြင်းဖြစ်ပြီး အီရန် နျူကလီးယားသဘောတူညီမှုစာချုပ်ကို မေလ ၁၂ ရက်နေ့နောက်ဆုံးထားပြင်ဆင်ပေးရန်နှင့် သတ်မှတ်ကာလ အတွင်းတွင် ကျေနပ်လောက်အောင်ပြင်ဆင်မှုများမရှိပါက အမေရိကန်က အီရန်နျူကလီးယားသဘောတူ စာချုပ်မှ နုတ်ထွက်မည်ဖြစ်ကြောင်း ထရန့်က ယခုနှစ် ဇန်နဝါရီတွင် ကြေညာခဲ့သည်။ ထိုကိစ္စနှင့်စပ်လျဉ်း၍ အီရန်က အနောက်နိုင်ငံများ အီရန်နျူးကလီးယားသဘောတူညီမှုမှနုတ်ထွက်လျှင် ၄ ရက်တွင်း ယူရေနီယံ သန့်စင်မှုများ ပြန်လည်လုပ်ဆောင်သွားမည်ဟု တုံ့ပြန်ထားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117