Media
ကြီးမားသော အလားအလာရှိနေသည့် တရုတ်အမျိုးသား ဘော်လီဘောအသင်း
တရုတ်နိုင်ငံ ရှီးအန်းမြို့တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် ဘော်လီဘော နေးရှင်းစ်လိဂ် (VNL) ပြိုင်ပွဲမှာ ဇွန် ၁၅ ရက်က ပြီးဆုံးသွားပြီဖြစ်ကာ ကမ္ဘာ့ဘော်လီဘောအဖွဲ့ချုပ် ဘုတ်အဖွဲ့ဝင်နှင့် အဖွဲ့ချုပ်တည်ထောင်သူ ဥက္ကဋ္ဌ ဖာနန်ဒို လီမာက တရုတ်အမျိုးသား ဘော်လီဘောအသင်း၏ အနာဂတ်အပေါ် အကောင်းမြင်လျက်ရှိပြီး အိုလံပစ်ပြိုင်ပွဲအဆင့်သို့ တစ်ကျော့ပြန်ရောက်ရှိလာရန် လက်တစ်ကမ်းသာ လိုတော့သည်ဟု ပြောကြားခဲ့သည်။
“တချို့တွေရဲ့အမြင်မှာ တရုတ်အသင်းက အံ့အားသင့်စရာ ဖြစ်နေနိုင်ပေမဲ့ ကျွန်တော်တို့ကတော့ မအံ့ဩမိပါဘူး။ တရုတ်အမျိုးသား ဘော်လီဘောအသင်းဟာ ကမ္ဘာ့အဆင့် ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ပြီး အောင်မြင်မှုတွေရယူနိုင်တဲ့ ကြီးမားတဲ့ အလားအလာရှိတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု လီမာက ဆိုသည်။ (Xinhua)
………….
English Version
China men’s volleyball team has huge potential, says founding Chair of Volleyball World
As the Xi’an leg of the 2025 Volleyball Nations League (VNL) wrapped up on Sunday, Volleyball World Board member and founding Chair Fernando Lima expressed optimism about the future of the Chinese men’s team, saying their return to the Olympic stage is within reach.
“I think for some people, the Chinese team may have been a surprise, but not for us,” Lima said. “We believe China’s men’s volleyball has huge potential to compete successfully on the global stage.”