Connect with us

Asia

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အနေဖြင့် တင်းမာမှုအရှိန်မြင့်တက်မလာအောင် တားဆီးရေးအတွက် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန် တရုတ်နိုင်ငံ တိုက်တွန်း

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs People’s Republic of China)

ပေကျင်း၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အနေဖြင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန်နှင့် နယ်စပ်တင်းမာမှုအခြေအနေ ပိုမိုအရှိန်မြင့်တက်မလာအောင် တားဆီးကြရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၉ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကြား လတ်တလော နယ်စပ်ပဋိပက္ခဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံနှင့်သာမက ထိုင်းနိုင်ငံနှင့်လည်း မိတ်ဆွေ၊ နီးကပ်သောအိမ်နီးချင်းဖြစ်သည့်အားလျော်စွာ တရုတ်နိုင်ငံအနေဖြင့် နှစ်ဖက်အကြား အပြန်အလှန်ညှိနှိုင်းဆောင်ရွက်ကြမည်ဟု စိတ်ရင်းစေတနာမှန်ကန်စွာဖြင့် မျှော်လင့်ပါကြောင်း ၎င်းက ဆိုသည်။

“တရုတ်နိုင်ငံအနေနဲ့ တင်းမာမှုတွေပြေလျော့စေဖို့နဲ့ အခြေအနေတွေ တည်ငြိမ်စေဖို့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်သွားမှာပါ” ဟု ကောက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
………………..
(English Version)
China calls on Cambodia, Thailand to exercise restraint to prevent escalation
BEIJING, Dec. 9 (Xinhua) — China has called on Cambodia and Thailand to exercise restraint and prevent their border situation from escalating further, a foreign ministry spokesperson said at a regular press briefing on Tuesday.
Spokesperson Guo Jiakun made the remarks following the recent Cambodia-Thailand border conflict.
He said that as a friend and close neighbor to both Cambodia and Thailand, China sincerely hopes that the two sides will meet each other halfway.
“China will continue to play a constructive role in easing tensions and cooling down the situation in its own way,” Guo added. Enditem