North America
အရှေ့အလယ်ပိုင်း စစ်ရေးအရှိန်မြင့်တက်လာခြင်းက ကမ္ဘာ့ရေနံဈေးနှုန်းများ ဆက်လက်မြင့်တက်စေ
နယူးယောက်၊ မတ် ၁၉ ရက် (ဆင်ဟွာ)
အရှေ့အလယ်ပိုင်း စစ်ရေးအရှိန်မြင့်တက်လာခြင်းကြောင့် ဖြစ်ပွားသည့် စိုးရိမ်မှုဂယက်များဖြင့် ကမ္ဘာ့ရေနံဈေးနှုန်းသည် မတ် ၁၈ ရက် အရောင်းအဝယ်ပြုလုပ်ချိန်တွင် ဆက်လက် မြင့်မားသည့်အနေအထားတွင် ရှိနေသည်။ မေလတွင် ပေးပို့ရမည့် လန်ဒန် ဘရန့် ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် အရောင်းအဝယ်ဈေးကွက်၌ အချိန်အတိုင်းအတာတစ်ခုအတွင်း တစ်စည်လျှင် ကန်ဒေါ်လာ ၁၁၀ ကျော် ဖြစ်ခဲ့သည်။
ယင်းနေ့ဈေးကွက်ပိတ်သိမ်းချိန်အထိ နယူးယောက်ကုန်စည်လဲလှယ်မှု (NYMEX) ၏ ဧပြီလတွင် ပေးပို့ရမည့် အပေါ့စား ရေနံစိမ်း အနာဂတ်ဈေးနှုန်းမှာ ကန်ဒေါ်လာ ၀.၁၁ မြင့်တက်လာပြီး ဈေးကွက်သိမ်းချိန်တွင်မူ တစ်စည်လျှင် ကန်ဒေါ်လာ ၉၆.၃၂ ဖြင့် ၀.၁၁ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ မေလတွင် ပေးပို့ရမည့် လန်ဒန် ဘရန့် ရေနံစမ်း အနာဂတ်ဈေးနှုန်းမှာ ကန်ဒေါ်လာ ၃.၉၆ မြင့်တက်လာပြီး ဈေးကွက်သိမ်းချိန်တွင် တစ်စည်လျှင် ကန်ဒေါ်လာ ၁၀၇.၃၈ ဖြင့် ၃.၈၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
အီရန်မီဒီယာများ၏ မတ် ၁၈ ရက် သတင်းများအရ အီရန်နိုင်ငံ Bushehr ပြည်နယ် South Pars နှင့် Assaluyeh ရှိ ရေနံဓာတုဗေဒ အဆောက်အဦအချို့ တိုက်ခိုက်ခံရကြောင်း သိရသည်။
ယင်းနေ့တွင်ပင် အီရန်အစ္စလာမ်မစ် အကြံပေးလွှတ်တော် ဥက္ကဋ္ဌ Ghalibaf က အီရန်၏ အခြေခံအဆောက်အဦများကို တိုက်ခိုက်သည့် ရန်သူ၏လုပ်ရပ်မှာ “မိမိကိုယ်ကို အဆုံးစီရင်ခြင်းနှင့် မခြားနား” ဖြစ်ကြောင်း ၊ အီရန်အနေဖြင့် “တန်းတူတန်ပြန်လက်စားချေ” မည့်အခြေခံမူကို အတည်ပြုထားပြီဖြစ်ရာ ပဋိပက္ခ၏ အဆင့်သစ် စတင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုနေ့တွင်ပင် အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ ရေတပ် တပ်မှူး Alireza Tangsiri က လူမှုကွန်ရက်မီဒီယာတွင် ပို့စ်တင်၍ အမေရိကန်နှင့်သက်ဆိုင်သည့် ရေနံအဆောက်အဦများကို အမေရိကန်စစ်အခြေစိုက်စခန်းနှင့် အဆင့်တစ်ပြေးညီသတ်မှတ်ထားရှိကာ ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Citigroup သုံးသပ်သူများက ဘရန့် ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် အနာဂတ် ရက်အနည်းငယ်အတွင်း တစ်စည်လျှင် ကန်ဒေါ်လာ ၁၂၀ အထိ မြင့်တက်နိုင်ခြေရှိသည်ဟု ယူဆထားသည်။ အကယ်၍ ရေနံအခြေခံအဆောက်အဦများ ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်ခံရခြင်း၊ ဟော်မုဇ်ရေလက်ကြားအား အချိန်ကြာရှည် ပိတ်ထားခြင်း အခြေအနေဖြစ်နေပါက ဘရန့် ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် ယခုနှစ် ဒုတိယသုံးလပတ်နှင့် တတိယ သုံးလပတ်၏ ပျမ်းမျှဈေးနှုန်းများမှာ တစ်စည်လျှင် ကန်ဒေါ်လာ ၁၃၀ အထိ မြင့်တက်နိုင်ကြောင်း သိရသည်။ (Xinhua)
——————–
(Chinese Version)
中东战事升级刺激国际油价继续走高
新华社纽约3月18日电(记者刘亚南)受中东战事升级引发的进一步担忧影响,国际油价18日交易时段保持上行态势。5月交货的伦敦布伦特原油期货价格盘中一度突破每桶110美元。
截至当天收盘,纽约商品交易所4月交货的轻质原油期货价格上涨0.11美元,收于每桶96.32美元,涨幅为0.11%;5月交货的伦敦布伦特原油期货价格上涨3.96美元,收于每桶107.38美元,涨幅为3.83%。
据伊朗媒体18日报道,伊朗布什尔省南帕尔斯和阿萨卢耶部分石油化工设施遭袭。伊朗伊斯兰议会议长卡利巴夫当天表示,敌人攻击伊朗基础设施的做法“无异于自杀”,伊朗已确立“以牙还牙”的原则,冲突的新阶段已经开始。同一天,伊朗伊斯兰革命卫队海军司令坦格西里在社交媒体发文说,与美国相关的石油设施将与美国军事基地处于同一级别,它们将遭受猛烈攻击。
花旗集团分析师认为,布伦特原油期货价格未来数天可能升至每桶120美元。如果能源基础设施遭受大范围攻击、霍尔木兹海峡长时间处于关闭状态,布伦特原油期货价格在今年二季度和三季度的均价可能达到每桶130美元。(完)
1. 3月18日,市民经过英国伦敦的一处加油站。新华社记者 李颖 摄
