Connect with us

Politics, Law & Military

ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်အတွင်း ကျပ် သိန်း ၃၀၀၀ကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ဖမ်းဆီးရမိသော တရားခံနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအားတွေ့ရစဉ်(CCDAC)

ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်အတွင်း ကျပ် သိန်း ၃၀၀၀ကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၄)လားရှိုး (မိုးမိတ်လှုပ်ရှား)မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် မိုးမိတ်မြို့နယ်တွင် မတ် ၂၈ ရက် နေ့လည်အချိန်တွင် မိုးမိတ်မြို့နယ်၊ မိုးဟောက်ကျေးရွာအုပ်စု၊ ဘောဒေကျေးရွာအနီး၊ မိုးကုတ်-မိုးမိတ်-တွင်းငယ် သွားကားလမ်းတွင် မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရန် ရပ်တန့် ခိုင်းစဉ် နောက်ပြန်လှည့်မောင်းပြေးရာ လမ်းညာဘက်ရေချောင်းအတွင်းသို့ ပြုတ်ကျခဲ့ကြောင်း၊ အဆိုပါ ယာဉ်ပေါ်တွင် ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာသော ရောင်စုံဆပ်ပြာခွက် ၄၃၉ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၄.၈၂၉ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၉၆၅.၈ သိန်း)၊ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၆,၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂,၅၂၀ သိန်း)၊ မြန်မာငွေ ၅၀,၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။အဆိုပါ ဖမ်းဆီးရမိသော ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် တရားခံအား မိုးမိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117