Connect with us

Politics, Law & Military

မြောက်ဦးမြို့နယ်အတွင်း AA လက်နက်ကိုင်အဖွဲ့များ၏ သင်တန်းကျောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိဟု တပ်မတော်သတင်းထုတ်ပြန်

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းနှင့် သင်တန်းကျောင်းအား တွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း ဧပြီ ၁၃ ရက်၌ AA လက်နက်ကိုင်အဖွဲ့များ၏ သင်တန်းကျောင်းနှင့် စခန်းများအား သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

တပ်မတော်လုံခြုံရေး စစ်ကြောင်းများနှင့် AA လက်နက်ကိုင်အဖွဲ့များသည် မတ် ၁၉ ရက်မှ စတင်၍ အဆင့်ဆင့် ခြေကုပ်ယူ ချဉ်းကပ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲများ အကြိမ် ၂၀ ခန့်ဖြစ်ပွားခဲ့ကာ ဧပြီ ၁၃ ရက်မွန်းလွဲ ၂ နာရီ ၃၅ မိနစ်ခန့်တွင် ယာယီလေ့ကျင့်ရေး သင်တန်းကျောင်း နေရာတစ်ခုအား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

တပ်မတော်အနေဖြင့် မြောက်ဦးမြို့နှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်အား ခြိမ်းခြောက်နေသည့် AA အဖွဲ့များ၏ သင်တန်းကျောင်းနေရာနှင့် စခန်းကုန်းများအား မောင်းထုတ်ရှင်းလင်း သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ မြောက်ဦးမြို့နယ် လက္ကာကျေးရွာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူလုပ်ထုံးလုပ်နည်းများနှင့်အညီ ဝင်ရောက် ရှာဖွေမှုများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၃ နာရီခန့်တွင် ကိုလပြည့် နေအိမ်ခြံဝင်းအတွင်းမှ ကျည်အိမ် သုံးခု၊ ကျည် ၂၀၃ တောင့်နှင့် ဆက်စပ် ပစ္စည်း များအားလည်းကောင်း၊ ယနေ့ မွန်းလွဲပိုင်းတွင် ကိုလပြည့်၏ အစ်ကိုဖြစ်သူ ဦးမောင်ဦးကျော်၏နေအိမ်မှ လက်ပစ်ဗုံး ၁၀ လုံးအားလည်းကောင်း သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117