Connect with us

Europe

ယူူူကရိန်းနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် ဇယ်လန်းစကီး အနိုင်ရ

ယူကရိန်းနိုင်ငံ သမ္မတရွေးကောက်ပွဲ အနိုင်ရရှိသော ဗိုလော့ဒီမာ ဇယ်လန်းစကီး (ယာဘက် ဒုတိယမြောက်) အား တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့တွင် ယူကရိန်းရုပ်ရှင်သရုပ်ဆောင် ဗိုလော့ဒီမာ ဇယ်လန်းစကီး (Volodymyr Zelensky) က ဆန္ဒမဲ ၇၃.၂ ရာခိုင်နှုန်းဖြင့် ဧပြီလ ၂၁ ရက်က အနိုင်ရရှိသွားခဲ့ကြောင်း ယူကရိန်းနိုင်ငံပိုင် သတင်းအေဂျင်စီ Ukrinform က ပြောကြားခဲ့သည်။

လက်ရှိသမ္မတ ပတ်ထရို ပိုရိုရှန်ကို (Petro Poroshenko) က ဆန္ဒမဲ ၂၅.၃ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း၊ ဆန္ဒမဲ ၁.၅ ရာခိုင်နှုန်းမှာ ပယ်မဲဖြစ်သွားခဲ့ကြောင်း exit poll က ဖော်ပြထားသည်။

အဆိုပါ ခန့်မှန်းမဲရလဒ်မှာ Ilko Kucheriv Democratic Initiatives ဖောင်ဒေးရှင်းက မဲဆန္ဒရှင် ၁၃,၀၀၀ ဦးအား မေးမြန်းကောက်ယူထားခြင်း ဖြစ်သည်။

ယူကရိန်းနိုင်ငံ၏ သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့ မဲပေးခြင်းအား ဧပြီလ ၂၁ ရက် ဒေသစံတော်ချိန် နံနက် ၈း၀၀ နာရီမှ ည ၈း၀၀ နာရီအထိ ပြုလုပ်ခဲ့သည်။

ဒုတိယအကျော့ မဲရလဒ်များအား ဗဟိုရွေးကောက်ပွဲကော်မရှင်က မေလ ၁ ရက်တွင် ကြေညာမည် ဖြစ်ပြီး သမ္မတသစ်အနေဖြင့် ဇွန်လ ၃ ရက်ထက် နောက်မကျဘဲ တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117