Connect with us

North America

လူဝင်မှုကြီးကြပ်ရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ် ထရမ့် ထုတ်ဖော်ပြော


ဝါရှင်တန်၊ မေ ၁၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ကျွမ်းကျင်မှုမြင့်မားသော ရွှေ့ပြောင်းသွားလာသူများအား အခွင့်အရေးပေးရန်နှင့် မိသားစုအခြေစိုက် ရွှေ့ပြောင်းသွားလာမှုအား တားမြစ်ရန် ရည်ရွယ်ထားသော နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးစနစ် ပြုပြင်ပြောင်းလဲမှု အစီအစဉ်တစ်ခုအား မေလ ၁၆ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။

အိမ်ဖြူတော်တွင် ပြောကြားခဲ့ရာတွင် ထရမ့်က ၎င်း၏ အစီအစဉ်သည် “အမေရိကန်နိုင်ငံအတွက် မျှတသော၊ ခေတ်မီသော၊ တရားဝင်ဖြစ်သော လူဝင်မှုကြီးကြပ်ရေးစနစ်တစ်ခု” ဖန်တီးရန် ရည်ရွယ်ထားကြောင်း ထရမ့်ကပြောကြားခဲ့သည်။

“ကျွန်တော်တို့လုပ်ခဲ့တဲ့ အကြီးမားဆုံးပြောင်းလဲမှုက ကျွမ်းကျင်မှုပြည့်တဲ့ ရွှေ့ပြောင်းသွားလာသူများရဲ့ အချိုးအစားကို ၁၂ ရာခိုင်နှုန်းကနေ ၅၇ ရာခိုင်နှုန်းထိ မြှင့်တင်ဖို့၊ ကျွန်တော်တို့ ဒါကိုမြင်တွေ့ရတယ်ဆိုရင် ပိုပြီးအဆင့်မြှင့်တင်သွားနိုင်ပါမယ်” ဟု ထရမ့်က ဆိုသည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်တွင် လူဝင်မှုကြီးကြပ်ရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်အကြောင်း ပြောကြားနေစဉ် (ဆင်ဟွာ)

“ကျွန်တော်တို့ရဲ့နိုင်ငံကို ဖန်တီးရအောင် ပွင့်လင်းတဲ့တံခါးကို နှစ်သက်ကျင့်သုံးသွားမှာပါ။ ဒါပေမဲ့ ဒီ ရွှေ့ပြောင်းသွားလာသူတွေထဲမှာ အရည်အသွေးပြည့်ဝပြီး ကျွမ်းကျင်မှုရှိသူတွေက ကြီးမားတဲ့ အချိုးအစားနဲ့ ပါဝင်ရပါမယ်” ဟု ထရမ့်က ပြောခဲ့သည်။ ထိုအစီအစဉ်အရ ရွှေ့ပြောင်းသွားလာသူများအနေဖြင့် “နိုင်ငံသားအဖြစ် ခွင့်မပြုမီ အင်္ဂလိပ်စာလေ့လာရန်နှင့် နိုင်ငံသားနှင့်ဆိုင်သောစာမေးပွဲ အောင်မြင်ရန် လိုအပ်ကြောင်း” သိရသည်။

အိမ်ဖြူတော်၏အဆိုအရ ယင်းအဆိုပြုချက်တွင် အမေရိကန်သို့ ရွှေ့ပြောင်းလာသည့် မိသားစုဝင်များစွာပါဝင်သော မိသားစုထက် မိဘနှစ်ပါးနှင့် သားသမီးများသာပါဝင်သော မိသားစုအဖွဲ့အစည်းအား ခွင့်ပြုရေး အာရုံစိုက်ရန် မိသားစုအခြေစိုက် ရွှေ့ပြောင်းသွားလာမှုအား တင်းကျပ်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နှစ်စဉ်နိုင်ငံအတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်နေထိုင်ခွင့်ပြုခဲ့သော လူဦးရေ ၁.၁ သန်း၏ သုံးပုံနှစ်ပုံခန့်အား မိသားစု ဆက်ဆံရေးများကြောင့် အမြဲတမ်းနေထိုင်ခွင့်ပြုသည့် Green Card များ ပေးအပ်ခဲ့ပြီးကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117