Connect with us

North America

အယ်လ်ဆာဗေးဒိုနိုင်ငံ တောင်ပိုင်း ပင်လယ်ပြင်တွင် ပြင်းအား ၅.၉ အဆင့် ငလျင်လှုပ်ခတ်

ငလျင်တိုင်းတာမှုပြ ပုံတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဆန်ဆာဗေဒို ၊ မေ ၁၇ ရက်(ဆင်ဟွာ)

အယ်လ်ဆာဗေးဒို နိုင်ငံ တောင်ပိုင်း ပင်လယ်ပြင်တွင် မေ ၁၆ ရက်က ပြင်းအား ၅.၉ အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ငလျင်လှုပ်ခတ်မှုကို နေရာအနှံအပြား ခံစားသိရှိခဲ့ကြောင်း ၊လက်ရှိတွင် သေဆုံးဒဏ်ရာရမှုစာရင်းကို မသိရှိရသေးကြောင်း မီဒီယာများ၏သတင်းအရသိရသည်။

အဆိုပါငလျင်သည် မေ ၁၆ ရက် ဒေသစံတော်ချိန် ၁၀ နာရီ ၂၂ မိနစ်က အယ်လ်ဆာဗေးဒို နိုင်ငံ အရှေ့တောင်ပိုင်း ပင်လယ်ကမ်းခြေ၏တောင်ဘက် ၅၀ ကီလိုမီတာအကွာရှိ ပင်လယ်ပြင်တွင် ငလျင်အနက် ၃၆ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အယ်လ်ဆာဗေးဒိုနိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့်သဘာဝအရင်းအမြစ်ဆိုင်ရာဌာန၏ ယင်းနေ့တွင် ထုတ်ပြန်သည့် သတင်းများအရ သိရသည်။ ထို့နောက် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်ခဲ့ရာ အပြင်းထန်ဆုံး နောက်ဆက်တွဲ ငလျင်မှာ ၅.၁ အဆင့် ရှိကြောင်း သိရသည်။

အဆိုပါငလျင်တွင် ဆိုနာမီသတိပေးချက်ထုတ်ပြန်ခြင်း မရှိကြောင်း အယ်လ်ဆာဗေးဒိုနိုင်ငံ မြို့ပြကာကွယ်ရေးဌာနက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.