Connect with us

North America

မက္ကဆီကိုနိုင်ငံတွင် ခြိမ်းခြောက်မှုများ ရရှိပြီးနောက် သတင်းထောက်တစ်ဦးသေဆုံး

မက္ကဆီကိုနိုင်ငံတွင် သတင်းထောက်များ အသတ်ခံရမှုအတွက် ဆန့်ကျင်လှုပ်ရှားမှုဓာတ်ပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မက္ကဆီကိုစီးတီး၊ မေ ၁၇ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ အရှေ့တောင်ဘက် Quintana Roo ပြည်နယ် Playa del Carmen မြို့တွင် မက္ကဆီကို သတင်းထောက်တစ်ဦးမှာ ခြိမ်းခြောက်မှုများရရှိပြီးနောက် အရက်ဆိုင်တစ်ခုအပြင်ဘက်တွင် မေလ ၁၆ ရက်က အသတ်ခံရကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။

အရေးပေါ်ဖုန်းခေါ်ဆိုမှုတစ်ခုရရှိကာ Francisco Romero Diaz ၏ ရုပ်အလောင်းအား တွေ့ရှိပြီးနောက် လူသတ်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း ပြည်နယ် အစိုးရရှေ့နေရုံးက သတင်းထုတ်ပြန်ချက်တွင် ပြောခဲ့သည်။

Romero Diaz သည် ဗဟုသုတပေးသော Facebook page တစ်ခုဖြစ်သည့် “Ocurrio Aqui” (“Happened Here”) အား စီစဉ်ညွှန်ကြားခဲ့သူဖြစ်ပြီး ယခင်က “semanario Playa News” သတင်းဝက်ဘ်ဆိုဒ်တွင် ကူညီဆောင်ရွက်ခဲ့သူဖြစ်သည်။

Romero Diaz က ၎င်းတွင် ခြိမ်းခြောက်မှုများခံနေရကြောင်း ဧပြီလ ၁၂ ရက်က ၎င်း၏ ဝန်ထမ်းအားပြောခဲ့ကြောင်း အစိုးရရှေ့နေရုံးကဆိုသည်။

“La Gotta” ဘား၏ ယာဉ်ရပ်နားရာနေရာတွင် ဒေသစံတော်ချိန် နံနက် ၆း၀၀ နာရီက Romero Diaz ၏ ရုပ်အလောင်းအား ၎င်း၏ ဆိုင်ကယ်ဘေးတွင် အာဏာပိုင်များက တွေ့ရှိခဲ့ကြာင်း ဒေသခံသတင်းများအရ သိရသည်။

Romero Diaz ၏ ခန္ဓာကိုယ်တွင် ထိုးနှက်ဒဏ်ရာများနှင့် သေနတ်ပစ်ခံရခြင်းကြောင့်ဖြစ်ခဲ့သည့် ဒဏ်ရာတစ်ခုအား တွေ့ရကြောင်း အခင်းဖြစ်ပွားရာနေရာရှိ အာဏာပိုင်များက တင်ပြခဲ့သည်။

Romero Diaz အသတ်ခံရမှုအပါအဝင် မက္ကဆီကိုနိုင်ငံတွင် ၂၀၁၉ ခုနှစ်အတွင်း အသတ်ခံရသော သတင်းထောက် အနည်းဆုံး ၅ ဦးရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.