Connect with us

Local

ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ယနေ့စတင်ကျင်းပ

မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းမှ အထွေထွေမန်နေဂျာဦးသန်းဇော်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို ယနေ့ ဇွန် ၈ ရက် တွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည်။

မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးသန်းဇော်ဦးက “ဒီပွဲက ပြည်တွင်းကုန်သည်တွေကို ကျပ်ငွေနဲ့ ရောင်းချပွဲ။ ရည်ရွယ်ချက်က မန္တလေး၊ စစ်ကိုင်း၊ မိုးကုတ်မှာ ကျောက်မျက်လုပ်ငန်းရှင် အငယ်တွေ ရှိတယ်။ လက်ကောက်တို့ ပုတီးတို့ ထုတ်ပြီး OSS (One Stop Service) က တစ်ဆင့် အခွန်ဆောင်ပြီးရောင်းဝယ်ဆောင်ရွက်နေတဲ့ ကုန်သည်တွေ ရှိတယ်။ ကုန်သည်တွေက မန္တလေး ဈေးကွက်မှာလည်း ကုန်ကြမ်းကို ဝယ်တယ်။ ဒီပွဲမှာကုန်ကြမ်းရောင်းပေးတဲ့ အစီအစဉ် လည်း လုပ်တယ်။ ပြည်တွင်း ကုန်သည်ငယ်လေးတွေ ကုန်ကြမ်းရရှိရေး အတွက် ဒီပွဲကိုကျင်းပရတာဖြစ်တယ်။ ပုတီး၊ လက်ကောက်လုပ်ရတဲ့ ကျောက်အမျိုးအစားကို အဓိက ရောင်းတာ။’’ ဟုဆင်ဟွာကိုပြောသည်။

ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို ယနေ့ဇွန် ၈ ရက် မှ ဇွန်၁၃ ရက် အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဦးသန်းဇော်ဦးက “ကျောက်မျက်အတွဲတွေကို ၈ ရက် နဲ့ ၉ ရက် ၂ ရက်ကြည့် ၁ ရက်ရောင်း၊ ကျောက်စိမ်းတွဲက ၈ရက်၊ ၉ ရက်၊ ၁၀ ရက် ၃ ရက် ကြည့်ပြီး ၁၁၊ ၁၂၊ ၁၃ ရောင်းသွားမယ်။ ရောင်းရတဲ့ စာရင်းတွေကို နောက်ဆုံးနေ့မှ ထုတ်ပြန်ပေးသွားမှာပါ’’ ဟုပြောသည်။

ကျောက်မျက်ပွဲအားတက်ရောက်ရန် ရတနာကုန်သည် ၁,၄၉၃ ဦး စာရင်းပေးထားပြီးကုမ္ပဏီ လုပ်ငန်းဆောင်ရွက် အနေဖြင့် ပွဲတက်ရောက်ရန် အယောက်၂,၀၀၀ နီးပါးစာရင်းပေးထားကြောင်း သိရသည်။ထိုသို့စာရင်းပေးထားသော်လည်း ရတနာကုန်သည်များကသာ ကျောက်မျက်များအား ဝယ်ယူခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ယခုကျောက်မျက်ပွဲတွင် ကျောက်စိမ်းတွဲပေါင်း ၃၁၀၈ တွဲ ကို တစ်ရက်လျှင် အတွဲပေါင်း ၁၀၅၀ တွဲကို ၃ ရက်ရောင်းချသွားမည်ဖြစ်ကြောင်း၊ ကျောက်မျက်တွဲအား ၁ ရက် သာ ရောင်းချသွားမည်ဖြစ်ကြောင်း ဆိုသည်။

“ကြမ်းခင်းဈေး အနေနဲ့ ကျောက်မျက်တွဲက အခြေခံဈေး ၃ သိန်း၊ ကျောက်စိမ်းတွဲက အခြေခံဈေး ၁၀ သိန်း’’ သတ်မှတ်ထားပါတယ်’’ ဟု ဦးသန်းဇော်ဦးကဆက်ပြောသည်။

မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက်များ ရောင်းချပွဲကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်း နေပြည်တော်၌ ပြုလုပ်ခဲ့ရာတွင် ကျောက်မျက်ရိုင်းနှင့် ကျောက်စိမ်း ကျပ် ၄၉ ဘီလျံကျော်(ကျပ် သန်း ၄၉၀၉၃ ဒသမ ၃၉) ဖိုး ရောင်းချခဲ့ရကြောင်း သိရသည်။

နိုင်ငံခြားကုန်သည်များ အားရောင်းချမည့် ကျောက်မျက်ပွဲအား စက်တင်ဘာတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117