Connect with us

Asia

နီပေါ နိုင်ငံသို့တရုတ် ခရီးသွား ဧည့်သည်များ ပထမ နှစ်ဝက်တွင် ဝင်ရောက်မှု အရေအတွက် မြင့်တက်

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ရှိ ယူနက်စကိုစာရင်းဝင် Hanumandhoka Durbar ရင်ပြင်တွင် လာရောက် လည်ပတ် နေကြသည့် ခရီးသွား ဧည့်သည်များအား တွေ့ရစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ)

နီပေါ နိုင်ငံသို့ယခုနှစ် ပထမ နှစ်ဝက် ၆ လတွင် တရုတ် ခရီးသွား ဧည့်သည် အနည်းဆုံး ၈၅,၃၁၈ ဦးရေ ဝင်ရောက် လည်ပတ်ခဲ့ကြောင်း ၊ ယင်းအရေအတွက်သည် ယခင် ၂၀၁၈ ခုနှစ် အလားတူ ကာလထက် ၁၉ ဒသမ ၅၃ ရာခိုင်နှုန်း မြင့်တက်လာသည်ကို တွေ့ရကြောင်း နီပေါ နိုင်ငံ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့(NTB)မှ သိရသည်။

ဇန်နဝါရီလမှ ဇွန်လ အထိ ပထမ နှစ်ဝက် အတွင်း နီပေါ နိုင်ငံသို့ခရီးသွား ဧည့်သည် ဝင်ရောက်မှုမှာ အပြုသဘော တိုးတက်မှုနှုန်းဖြင့် အဆုံးသတ်ခဲ့ကြောင်း နီပေါ နိုင်ငံ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့က ဇူလိုင် ၁၇ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ရာတွင် ဖော်ပြခဲ့သည်။

နီပေါ နိုင်ငံသို့၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ အထိ တရုတ် ခရီးသွား ဧည့်သည် စုစုပေါင်း ၇၁,၃၇၉ ဦး ဝင်ရောက် လည်ပတ်ခဲ့ကြောင်း နီပေါ နိုင်ငံ၏ အဓိက ခရီးသွား လုပ်ငန်း မြှင့်တင်ရေး အဖွဲ့အစည်းမှ သိရသည်။

နီပေါ နိုင်ငံ အတွက် တရုတ် နိုင်ငံသည် အိန္ဒိယ နိုင်ငံ ပြီးနောက် ဒုတိယ အကြီးဆုံး ခရီးသွား လုပ်ငန်း အရင်းအမြစ် ဈေးကွက် ဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117