Connect with us

Politics, Law & Military

ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈)ကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း စတင် ဆွေးနွေး

ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ် ကြွရောက်လာစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ၂၅ ရက်(ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈)ကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စု လွှတ်တော် ယနေ့တွင် အစည်းအဝေး၌ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ငါးဦးအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးတို့က စတင် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

 “ဥပဒေမူကြမ်းနှင့် စပ်လျဉ်းပြီး ၁၀ – ၂ – ၂၀၂၀ ၌ ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် အစည်း အဝေးမှာ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့ပြီး ဖြစ်ပါတယ်၊ ယင်းအစီရင်ခံစာရဲ့ နောက်ဆက်တွဲပါ ဥပဒေမူကြမ်းများနဲ့ ပတ်သက်ပြီး တစ်ဦးလျှင် ရှစ်မိနစ်စီနဲ့ ဆွေးနွေးမယ့် လွှတ်တော် ကိုယ်စားလှယ် ၁၄၉ ဦး၊ သတ်မှတ်ပေးထားပြီး ဖြစ်ပါတယ်၊ ရက်အလိုက် ဆွေးနွေးမည့် အမည်စာရင်း လျာထားချက်ကို ကြိုတင် ဖြန့်ဝေထားသလို ဆွေးနွေး ရာမှာ ဂရုပြုသင့်တဲ့ အခြေအနေကို ရှင်းလင်း မှာကြားပြီး ဖြစ်ပါတယ်။ ရက်အလိုက် လျာထား အမည်စာရင်းအပေါ် အစုအဖွဲ့အတွင်း၌ ကိုယ်စားလှယ် အချင်းချင်း လိုအပ်မှုအရ ပြင်ဆင်လိုမှု ရှိရင်လည်း အချိန်မီ ညှိနှိုင်း ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်” ဟု ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ဆွေးနွေးမှု မစတင်မီ ပြောကြားခဲ့သည်။ထို့အပြင် ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ နည်းဥပဒေ (၁၃၈) နှင့် အညီ ဆွေးနွေးကြရန်လည်း နာယကက ထပ်မံ မှာကြားခဲ့သည်။ 

ဖေဖော်ဝါရီ လ၂၅ ရက် မှ ၂၈ ရက် အထိလည်းကောင်း၊ မတ်လ ၃ ရက်မှ ၅ ရက်အထိ လည်းကောင်း၊ စုစုပေါင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပ သည့် ခုနစ်ရက်တိုင် ဆွေးနွေးကြမည်ဖြစ်ပြီး ရက်အလိုက် ဆွေးနွေးမည့် စာရင်းလျာထားချက်အရ ဒုတိယနေ့တွင် လွှတ်တော် ကိုယ်စားလှယ် ၂၀ ဦး၊ တတိယနေ့တွင် ၃၀ ဦး၊ စတုတ္ထနေ့တွင် ၁၅ ဦး၊ ပဉ္စမနေ့၊ ဆဌမနေ့နှင့်သတ္တမနေ့တို့တွင် ၂၃ ဦးစီ စသည်ဖြင့် အသီးသီး ဆွေးနွေး ကြမည်ဖြစ်ကြာင်း သိရသည်။(Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117