Connect with us

MYANMAR

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီဖွဲ့စည်း

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီဖွဲ့စည်းသော ကြေညာချက်အားတွေ့ရစဉ်(ဓာတ်ပုံ-Myanmar President Office)

နေပြည်တော်၊မတ် ၁၃ ရက် (ဆင်ဟွာ)

Coronavirus Disease 2019 (COVID-19 )ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီကို ယနေ့စတင်ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ကော်မတီကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ကာ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီး ၊မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဒုတိယဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်၊စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်က အတွင်းရေးမှူးအဖြစ် ဖွဲ့စည်းထားကြောင်း သိရသည်။

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီဖွဲ့စည်းသော ကြေညာချက်အားတွေ့ရစဉ်(ဓာတ်ပုံ-Myanmar President Office)

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များသည် ကမ္ဘာ့နိုင်ငံအများအပြားတွင် လတ်တလောဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းများကျဆင်းနေသည့်အပေါ် အရေးပေါ်စီမံဆောင်ရွက်မည့်နည်းလမ်းများ၊ ကာလတို၊ကာလရှည်ဆောင်ရွက်မည့် နည်းလမ်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ တုံ့ပြန်ဆောင်ရွက်မည့် အစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန်၊ စက်ရုံများရပ်ဆိုင်း၍ အလုပ်သမားများအလုပ်လက်မဲ့ဖြစ်စဉ်ကာလအတွင်း အခြားအလုပ်အကိုင်အသစ်များ ဖော်ဆောင်ပေးခြင်း၊ လုပ်သားများအတွက် အကျိုးရှိမည့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာများ သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ရန်၊COVID -19ကဲ့သို့ ဖြစ်စဉ် များမှာအနာဂတ်တွင် ထပ်မံပေါ်ပေါက်လာနိုင်၍CMP လုပ်ငန်းများအနေဖြင့် နိုင်ငံအမျိုးမျိုးမှ ရရှိနိုင်ရေး ဖြန့်ခွဲဆောင်ရွက်ရန်တို့ဖြစ်ကြောင်း သိရသည်။

ကာလရှည်မျှော်မှန်းမှုအနေဖြင့် မိမိနိုင်ငံအတွင်း Weaving,Knitting,Dying and Sewing Industryများ ထူထောင်၍ Supply Chain တစ်ခုလုံး မိမိနိုင်ငံတွင် ထုတ်လုပ်နိုင်ရေး အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်ရန်၊ ပြည်တွင်း အသေးစား၊ အငယ်စား၊အလတ်စား စီးပွားရေးလုပ်ငန်းများအပေါ် COVID- 19 ဖြစ်စဉ်သက်ရောက်မှုကြီးမားလာလျှင် အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ပေးရန် နိုင်ငံတော်သမ္မတရုံးကို သုံးသပ်တင်ပြရန်နှင့်  လိုအပ်ပါက ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် သက်သာသည့်အတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ပေးနိုင်ရေး နိုင်ငံတော် သမ္မတရုံးသို့သုံးသပ် တင်ပြရန်တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117