Connect with us

Politics, Law & Military

၂၀၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ဒုတိယက္ကဌ (၁) ဦးဝင်းမြင့်တို့ ပါတီစည်းရုံးရေးနှင့် နယ်မြေစည်းရုံးရေး လုပ်ငန်းများ စတင်ဆောင်ရွက်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD )၏ အထူးကြေညာချက်အားတွေ့ရစဉ်(ဓာတ်ပုံ-NLD)

ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

၂၀၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD )ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ဒုတိယဥက္ကဌ (၁)  နိုင်ငံတော် သမ္မတဦးဝင်းမြင့်တို့သည် ယနေ့မှစတင်ပြီး ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် နယ်မြေစည်းရုံးရေး လုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ယနေ့(ဇူလိုင် ၂ ရက်)NLDပါတီက ထုတ်ပြန်သော အထူးကြေညာချက်အရ သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ဝင် တစ်ဦးဦးသည် တည်ဆဲ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ – ၇(ခ) အရလည်းကောင်း ၊ ဒုတိယဝန်ကြီး တစ်ဦးဦးသည် တည်ဆဲ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ – ၁၇(ဃ) အရလည်းကောင်း ၊ နောင်လာမည့် အထွေထွေ ရွေးကောက်ပွဲ တစ်ရပ်ရပ်တွင် ပါဝင် ရွေးချယ်ခံမည့်သူ ဖြစ်ပါက နိုင်ငံသားတစ်ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၊ ပုဒ်မခွဲ (က) အရ ပေးအပ်ထားသော ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေရန် အလို့ငှာ ရွေးကောက်ပွဲကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည့် နေ့မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၀ နှင့် ၁၂၁ တို့ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီလျှင် ရွေးကောက်ပွဲ ဆိုင်ရာ ပါတီစည်းရုံးရေး လုပ်ငန်းများကိုလည်းကောင်း၊ နယ်မြေစည်းရုံးရေး လုပ်ငန်းများကို လည်းကောင်း ဆောင်ရွက်ခွင့်ရှိသည် ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။

သို့ပါ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ဒုတိယက္ကဌ (၁) ဦးဝင်းမြင့်တို့သည် ပါတီစည်းရုံးရေးလုပ်ငန်းများ နှင့် နယ်မြေစည်းရုံးရေးလုပ်ငန်းများကို ယနေ့မှစ၍ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း မိဘပြည်သူများ နှင့် အဖွဲ့ချုပ်အဖွဲ့ဝင်များအား အသိပေးကြေညာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်သည် ယနေ့ ဇူလိုင် ၂ရက်တွင် ကျင်းပပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အပြီးထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117